Part.10

1.8K 185 6
                                    

Unicode

ဒီနေ့ဟိုတစ်ယောက်လာတာနောက်ကျမယ်တဲ့၊
မျက်စိနောက်သက်သာတာပေါ့၊ရောက်ထဲက
ခြံထဲလျှောက်မကြည့်ရသေးတာကြောင့်
ယခုထွက်ကြည့်ရင်ကောင်းမလားလို့၊လရိပ်
ခြံထဲဆင်းလာတော့အထိန်းတော်တစ်ချို့ဟိုပြေး
လိုက်ဒီပြေးလိုက်ဖြစ်နေကြတာမို့ဘာဖြစ်ကြတာ
လည်းသိရအောင်ထိုနားကိုပြေးသွားလိုက်သည်၊

ဒီနားမှာရေကူးကန်ရှိနေတာလား၊အခုမှသိတယ်
စောစောကသာသိရင်ဒီမှာလာကူးတာပေါ့၊

"သခင်မ..အယ်..သ.သခင်လေးလရိပ်ရှင့်!"

လရိပ်နားကိုပြေးလာတဲ့အထိန်းတော်မလေး
ကြောင့်ခဏရပ်နေလိုက်သည်၊ပြာတိပြာယာနဲ့
ဘာတွေဖြစ်နေကြလည်းမသိဘူး၊

"သခင်လေးလရောင်ရေနစ်လို့!!"

"ဘာ!!"

လရိပ်ထိုရေကူးကန်နားကိုအ‌မြန်ပြေးသွားမိပြန်
သည်၊အဲ့ဒီလရောင်ဆိုတဲ့ကလေးကရေကူးကန်
နားသွားပြီးအဖေရှာတာလား၊ရေမကူးတက်ပဲနဲ့
ဒုက္ခတွေရောက်ကုန်တော့မည်၊
..
..
ရေကူးကန်ကိုရောက်တော့နေယံကဆင်းပြီးကယ်
နေပြီမို့လရိပ်ဆင်းစရာမလိုတော့ပေ၊ဒီကောင်
နေယံကအားကိုးရသား၊ရေကူးဘောင်ပေါ်
လရောင်ကိုတင်ပေးတာကြောင့်ထိုနေရာကို
ခြေလှမ်းကြဲများနှင့်လျှောက်သွားလိုက်သည်၊
သတိမေ့နေတဲ့မျက်နှာဝိုင်းဝိုင်းလေးနဲ့လရောင်
ကိုကြည့်ပြီးလရိပ်စိတ်ဆင်းရဲမိသည်၊သူတောင်း
စားလေး..သတိရလို့ကတော့နှစ်ရက်လောက်
မထနိုင်အောင်ပါးပိတ်ရိုက်လိုက်အုံးမယ်၊

ရေမကူးတက်ပဲနဲ့ရေကူးကန်နားလာတာအဖေ
ရှာတာမဟုတ်ရင်လင်လာရှာတာလား၊အမြဲစိတ်ပူ
ရအောင်လုပ်သည်၊လရိပ်ပဲအသေရိုက်ချင်တာ
အရိုးကျိုးကျိုးမျက်လုံးပဲကန်းကန်းလရိပ်ပဲ
လုပ်ချင်သည်၊တစ်ခြားဘယ်လိုအကြောင်းပဲ
ဖြစ်ဖြစ်ဘယ်သူကြောင့်ပဲဖြစ်ဖြစ်ထိခိုက်တာမျိုး
တစ်ကယ်မကြိုက်ပေ၊အစ်ကိုကြီးတော့အဖရာတဲ့
သတိရရင်ကိုယ့်ကိုကိုယ်ဂရုမစိုက်တဲ့ကလေး
အားမှတ်သွားအောင်တစ်ချက်လောက်ဆွဲထိုး
လိုက်အုံးမည်၊

ကြည့်နေတုန်းနေယံကလရောင်ရဲ့ရင်ဘက်ကို
ပုံမှန်ဖိချနေပြီးနှုတ်ခမ်းချင်းတေ့ကာလေမှုတ်
သွင်းလေသည်၊နေပါအုံး..ဒါအသားယူနေတာ
မဟုတ်လား၊လရိပ်ဟာတောသားဆိုပေမဲ့
ယောကျ်ားလေးပီပီဒါဘာလဲဆိုတာသိပါသည်၊
နေယံ.နေယံမင်းလည်သလောက်တော့ငါသေနေ
သလောက်ပဲရှိတယ်..

ရွာကပဒိုင်းသီးလေးများWhere stories live. Discover now