Part.3

2.1K 211 9
                                    

Unicode

ခြံဝန်းကျယ်ကျယ်ရှေ့ရောက်တာနဲ့တံခါးကို
လူတစ်ယောက်ချက်ချင်းလာဖွင့်ပေးပြီးကား
ဘက်ကိုလှည့်ကာဦးညွတ်အရိုသေပေးပြီးပြန်
ထွက်သွားလေသည်၊ခဏကြာတော့ခြံဝန်းထဲ
ကားမောင်းကာဝင်လာတော့လှပသေသပ်စွာ
အစဉ်လိုက်စိုက်ပျိုးထားတဲ့ပန်းရောင်စုံက
မျက်စိအေးစရာပေ၊ စံအိမ်ကြီးရဲ့ကြီးကျယ်
ခမ်းနားမှုကတစ်ကယ်ပါးစပ်မစိနိုင်စရာ၊
အဖြူရောင်စံအိမ်ကြီးဆီကိုရောက်ဖို့ခြံထဲမှာ
တော်တော်လေးမောင်းယူလိုက်ရသေးသည်၊
လရိပ်ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်လိုက်မိပြီးမြင်နေ
ရတဲ့ခမ်းနားစွာတည်ရှိနေတဲ့အိမ်ကြီးကိုကြည့်
နေမိသည်၊ဘိုးဘိုးကြီးကတော်တော်ချမ်းသာခဲ့
တာပဲဆိုပြီးအတွေးဝင်မိသည်၊ဒါဆိုအဘယ်
ကြောင့်အဘဟာဒီစံအိမ်ကသားအကြီးဖြစ်ရက်
နဲ့အမွေအနှစ်ကိုမခံစားခဲ့ရပါသနည်း၊စိတ်ထဲ
မှာလည်းသေသွားပြီဖြစ်တဲ့အဘကိုလေးစားမိ
ပြန်သည်၊အဘဟာအမေ့ကိုအတော်လေးချစ်ခဲ့
တာပဲ..ခမ်းနားထည်ဝါတဲ့သခင်လေးဆိုပြီး
လူတိုင်းမော့မကြည့်ရဲခဲ့တဲ့ဂုဏ်ပုဒ်ကိုစွန့်ပစ်ပြီး
အမေ့ကိုချစ်ပေးခဲ့သည်တဲ့၊အဘဟာတစ်ကယ်
အချစ်ကြီးတာပါလား၊သို့ပေမဲ့လရိပ်လောက်
တော့မချစ်တက်လောက်ပေ၊အဘဟာသေတာ
တောင်အမေနဲ့အတူထွက်သွားခဲ့လေသည်၊
အခုဆိုအတူတူရှိနေကြမှာပေါ့၊ကျုပ်တို့ကတော့
မိမရှိဖမရှိဘဝကိုရောက်သွားပေမဲ့အဘတို့က
တော့စုံတွဲခုတ်‌နေရောပေါ့၊တယ်လည်းခက်သကိုး
အဘရဲ့..အဘစောက်ရမ်းချစ်ပြခဲ့လို့အမေဟာ
ကလေး၅ယောက်မွေးခဲ့တော့အခုအငယ်ကောင်
၄ယောက်နဲ့ကျုပ်ဘဝဟာဘယ်လိုရှေ့ဆက်
ရမည်နည်း၊အယ်လေ..လရိပ်ရဲ့အနာဂတ်ဇနီး
မယားလေးကိုအဘနဲ့အမေမမြင်သွားရတာကို
တော့စိတ်‌မကောင်းဖြစ်မိသည်၊အို..အဘရေ..
ကျုပ်ယူမဲ့ကျုပ်မယားဖြစ်လာမဲ့သူကကျိန်းသေ
စောက်ရမ်းလှမှာဗျ၊

ကားရပ်တာနဲ့ကားပေါ်ကဟိတ်ဟန်အပြည့်နဲ့
ဆင်းပါတယ်ဆိုထမိန်စတက်နင်းပြီးမောက်ရပ် ကြီးလဲလေသည်။

"ဘုန်း!"

မောက်ရပ်ကြီးဟက်ထိုးလဲကျတဲ့အစ်မလရိပ်
ကြောင့်လရောင်မှာအမြန်ပြေးပြီးထူရသည်၊
ဘယ်လိုတောင်အရှက်ကွဲမှုလဲ..ဘေးမှာစံအိမ်က
အထိန်းတော်တစ်ချို့နဲ့အိမ်တော်ထိန်းကြီးရှိနေ
တဲ့တည့်တည့်ကြီးမှာမောက်ရပ်ကြီးကျတာပင်၊

ရွာကပဒိုင်းသီးလေးများWhere stories live. Discover now