Zawgyi
တိတ်ဆိတ်နေတဲ့ဧည့်ခန်းထဲမှာအသက်ရှူသံ
ခပ်ပြင်းပြင်းကသာအုပ်စိုးနေပါသည်၊ငယ်လည်း
ဘေးမှာသာထိုင်နေရပါသည်၊မိသားစုကြားထဲက
ကိစ္စမို့နေရာတကာဝင်ပါလို့မရပေ၊ပြီးတော့အခု
ကိစ္စကလည်းခွင့်လွှတ်နိုင်စရာအကြောင်းမှမရှိပဲ၊နေယံလည်းဘေးမှာအသာရပ်ပြီးကြည့်နေလိုက်
သည်၊အခုမှမျက်နှာငယ်လေးနဲ့ထိုင်နေတဲ့
ကောင်လေးကိုလည်းမသနားချင်ပါ၊စတာနောက်
တာလည်းအလွန်အကျွံဖြစ်သွားရင်မကောင်းပေ၊
အတွင်းခံမှန်းသိရဲ့သားနဲ့အစ်မဖြစ်သူကိုစလိုက်
တာကပထမပြစ်မှု၊နောက်တစ်ခုကထိုညစ်ပတ်
သွားတဲ့အတွင်းခံကိုပြန်မလျှော်ပဲလျှော်ပြီးသား
အဝတ်တန်းမှာသွားထားတာကဒုတိယပြစ်မှုပေ၊
သူဌေးလျှော်ပြီးသားထင်ပြီးဝတ်လိုက်ရာကနေ
ယားယံတာတွေဖြစ်လာခဲ့တာမလား၊"ဒီတစ်ခါတော့မင်းတို့ကိုဦးလေးတစ်ကယ်
စိတ်ပျက်မိတယ်!"ဦးမိုးမြင့်တစ်ကယ်ဒေါသထွက်ပါသည်၊ဒီကလေး
တွေဟာဘယ်လောက်ဆိုးဝါးပါသနည်း၊လရောင်
နဲ့ပိုင်ဇေကလည်းအစ်မဖြစ်သူကိုယောက်ျားလေး
အတွင်းခံမှန်းသိရက်နဲ့စလိုက်သည်၊တစ်ကယ်
လက်မြှောက်တယ်၊မျက်နှာငယ်လေးနဲ့ထိုင်နေ
တဲ့လရောင်နဲ့ပိုင်ဇေကိုကြည့်ပြီးသက်ပြင်းသဲ့သဲ့
ထပ်ချမိပြန်သည်၊"မင်းတို့အပြစ်မင်းတို့သိတယ်မလား"
"ဟုတ်ကဲ့"
"နေယံ..သူတို့နှစ်ယောက်ကိုခေါ်ပြီးအနောက်
ဘက်မှာဒူးထောက်ခိုင်းထား၃နာရီမပြည့်မချင်း""ဟုတ်ကဲ့သူဌေး"
🍁🍁🍁
ဒီနေ့စနေနေ့မို့ကတိပေးထားတဲ့အတိုင်းကလေး
တွေနဲ့အပြင်ထွက်မလို့လာခေါ်တာပင်၊ပြသနာ
ဖြစ်နေတာကြောင့်ငယ်ခဏစောင့်နေခဲ့တာ၊
လရောင်နဲ့ပိုင်ဇေအပြစ်ပေးခံနေရတာဆိုတော့
လိုက်ဖြစ်မှာမဟုတ်တော့ပေ၊ရွှန်းလဲ့နဲ့ပယင်းကိုပဲ
လိုက်ပို့ပေးရတော့မည်၊ကလေးနှစ်ယောက်ကို
သေချာပြင်ဆင်ပေးပြီးသပ်သပ်ရပ်ရပ်ဖြစ်သွား
မှအခန်းပြင်ကိုထွက်လာတော့အခန်းရှေ့မှာ
ကြည်သာလရိပ်ကရပ်နေလေသည်၊
YOU ARE READING
ရွာကပဒိုင်းသီးလေးများ
Romanceစာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ အပြင်လောကနဲ့လုံးဝမသက်ဆိုင်ပါ။ ကြည်သာလရိပ်+နွေလဝန်းငယ် . .