Part.14

1.7K 201 9
                                    

Unicode

ကားပေါ်ခဏလောက်ထိုင်စောင့်ပြီးမကြာလိုက်
အိမ်ထဲကနေထွက်လာတဲ့လူရဲ့ခြေလမ်းတွေက
သေချာပေါက်တက်ကြွနေမှာပင်၊ကားတံခါးကို
ဆွဲဖွင့်ပြီးမှသူ့ကိုယ်သူဂုဏ်ယူသလိုခပ်မိန့်မိန့်
ပြုံးကာ..ကားထဲဝင်ထိုင်လေသည်။

"ကျုပ်မိုက်လား"

"......."

လရိပ်ဒီလောက်လန်ထွက်ပျံတက်နေအောင်
ပြင်ဆင်လာတာကိုနွေလဝန်းငယ်ကအကြည့်
လေးတစ်ချက်တောင်မပို့ပေ၊မနေနိုင်လို့ပါးစပ်
ကနေထုတ်မေးမိတော့လှည့်ကြည့်လာပေမဲ့
ဘာမှတော့ပြန်မပြော။

"ကျစ်..ခင်ဗျားကတော့!"

ငယ်မသိချင်ယောင်ဆောင်ကာခါးပက်ပက်လိုက်
ပြီးဘေးမှာစူပုတ်ပုတ်နဲ့ထိုင်နေတဲ့တစ်ယောက်
သောသူဘက်ကိုလှည့်ပြီး

"ဘယ်ကိုသွားကြမလဲ"

"မသိဘူး!!"

ခပ်ဆောင့်ဆောင့်ဖြေတဲ့အသံကြောင့်ငယ်တောင်
လန့်သွားရသည်၊ကြည်သာလရိပ်တို့ကသူ့စိတ်
ကြီးပဲ၊ငယ်တစ်ချက်ရယ်လိုက်ကာလရိပ်ဘက်
ကိုလှည့်လိုက်ပြီး

"မင်းဒီနေ့အရမ်းကြည့်ကောင်းတယ်"

"......."

"ပြီးတော့စွဲဆောင်မှုရှိသလိုပဲ"

လရိပ်မျက်နှာကချက်ချင်းပြုံးတုံးတုံးဖြစ်သွား
ကာဘေးကိုချက်ချင်းမျက်နှာလွှဲပစ်လေသည်၊
တစ်ခါတစ်လေလည်းကြည်သာလရိပ်ကဒီလို
ကလေးဆန်တက်သေးတာလား၊

"ဒါဆိုငါအဆင်ပြေမဲ့နေရာတစ်ခုကိုမောင်းလိုက်
မယ်နော်လရိပ်"

"ကျုပ်တစ်ကယ်ကြည့်ကောင်းတာလား"

မေးတာနဲ့တစ်ခြားရလိုက်တဲ့အဖြေကြောင့်
ငယ်ခေါင်းကိုသာခါလိုက်မိတော့သည်၊ပြီးမှ
တစ်ဖက်လူစိတ်ချမ်းသာအောင်‌ပြန်ဖြေလိုက်
တော့သည်၊ထိုတော့မှ'ခင်ဗျားစိတ်ကြိုက်မောင်း
တဲ့'လေ။

                              🍁🍁🍁🍁
နောက်ဆုံးငယ်မောင်းလာတဲ့နေရာကတော့
ဦးပိန်တံတားပင်၊အနီးနားမှာကားကိုထိုးရပ်
လိုက်ပြီးကားပေါ်ကဆင်းလာလိုက်သည်၊
လရိပ်မရောက်ဖူးလောက်ဘူးထင်လို့ဒီနေရာ
ကိုခေါ်လာခဲ့တာပင်၊တံတားပေါ်လျှောက်ကြည့်
ကြမယ်လို့ပြောတော့အဆုံးထိလျှောက်နိုင်မှာ
မဟုတ်ဘူးလို့လရိပ်ကပြန်ဖြေသည်၊ရောက်
သလောက်ပဲလျှောက်မယ်လို့ငယ်‌ပြန်ပြော
မိတော့'အဆုံးထိမှမရောက်ရင်ခင်ဗျားလည်း
လုံးဝမလျှောက်ရဘူးတဲ့၊အဲ့လိုမှန်းသိရင်ငယ်
မန္တလေးကျုံးကိုခေါ်သွားမှာပေါ့၊အခုရောက်လာ
ပြီးမှတံတားပေါ်လည်းမလျှောက်ပဲကားအနောက်
ဖုံးဖွင့်ပြီးထိုင်နေရလေသည်။

ရွာကပဒိုင်းသီးလေးများWhere stories live. Discover now