Part.23

1.6K 174 13
                                    

Unicode

ဦးလေးမိုးမြင့်တို့ကိုထမင်းစာဖိတ်ထားတာ
ကြောင့်မနက်ထဲကရောက်နေကြတာပင်၊
ဦးလေးကတော့အိမ်ထဲမှာမေမေတို့နဲ့စကား
ပြောနေလေသည်၊ကလေးတွေကတော့ခြံထဲ
မှာထိုင်နေကြကာရန်ဖြစ်လိုက်စကားပြော
လိုက်နဲ့ဆူညံနေလေသည်၊လရိပ်ကတော့
ငယ့်ဘေးနားမှာထိုင်နေလေသည်။

"ငယ်..ဆေးသောက်ထားရဲ့လား"

လရိပ်အမေးကိုငယ်ခေါင်းခါပြလိုက်သည်၊
ငယ်ဆေးမသောက်ရသေးပေ၊အိမ်မှာဆေးကုန်
နေလေပြီ၊သွားယူမလို့လုပ်ထားပေမဲ့ဦးလေး
တို့ရောက်လာတာကြောင့်မသွားဖြစ်တော့ပေ၊
လရိပ်ကိုတော့ဆေးမရှိတော့ကြောင်းပြောပြ
မနေတော့ပေ၊စိတ်ပူနေမှာစိုးရိပ်တာကြောင့်၊
ငယ်ခေါင်းတွေအရမ်းကိုက်လာသည်၊နှုတ်ခမ်း
တွေကဖြူတဲ့အဆင့်မဟုတ်တော့ပဲအနည်းငယ်
ပြာချင်လာလေပြီ။

"ငယ်..ခင်ဗျားဘာလို့နှုတ်ခမ်းနီရဲရဲတောက်နေ
တာကိုဆိုးထားတာလဲ"

"အနီရောင်လေးကြိုက်လို့"

ငယ်ဟာလိမ်ပြန်ပါသည်၊နှုတ်ခမ်းတွေပြာလာ
လို့အရောင်ပိုတောက်တာကိုဆိုးထားတာ
လရိပ်သိသည်၊ဒါပေမဲ့လရိပ်မသိချင်ယောင်‌
ဆောင်ပေးထားသည်၊ငယ်မသိစေချင်မှ
တော့လရိပ်မသိချင်ယောင်ဆောင်ပေးထား
လိုက်မည်။

"ကျုပ်ခင်ဗျားကိုသိပ်ချစ်တယ်နော်ငယ်"

"အင်း..ငါလည်းမင်းကိုချစ်တာပေါ့'ရိပ်ရယ်"

ငယ်ကပြုံးပြုံးလေးပြောလေသည်၊လရိပ်
လည်းပြန်ပြုံးပြလိုက်ပါသည်၊သို့ပေမဲ့အပြုံး
တွေကမပီမသပေ၊ငယ့်ကိုဘယ်လိုဆက်ဆွဲ
ထားရမလဲ၊ငယ်လရိပ်ဘေးနားကနေထွက်
သွားတော့မှာကိုဘယ်လိုကြည့်နေရမလဲ၊
လရိပ်ဆုံးဖြတ်ပြီးပြီငယ်မရှိတော့ရင်လရိပ်
လည်းအသက်ဆက်ရှင်နိုင်မည်မဟုတ်ပေ၊
ငယ့်နောက်ကိုလိုက်သွားမှာ၊ကျုပ်ရဲ့အသက်
ရှိရာကိုလရိပ်ပျော်ပျော်ကြီးလိုက်သွားမှာ။

အတွေးနဲ့တင်ပါးပေါ်ကိုမျက်ရည်တို့ကပေါက်
ကနဲစီးကျသွားလေသည်၊တပြိုင်တည်း
ငယ့်လက်လေးကလရိပ်ရဲ့ပါးပေါ်ကမျက်ရည်
တွေကိုသုတ်ပေးလေသည်။

ရွာကပဒိုင်းသီးလေးများWhere stories live. Discover now