Part.21

1.6K 173 6
                                    

Unicode

"ငယ်..ကျုပ်ကိုလက်ထပ်ခွင့်ပြုပါ"

"ဟင်!"

ဒူးထောက်ထိုင်ရပ်ကနေငယ့်ကိုမော့ကြည့်ပြီး
ပြောလိုက်တဲ့စကားကြောင့်လူတစ်ကိုယ်လုံး
တောင့်ခဲသွားသလိုပင်၊လက်ထပ်မယ်ဟုတ်
လား..ငယ်အဲ့လိုကြားလိုက်တာပါနော်၊
ငယ့်လိုသေလူတစ်ယောက်ကိုဘယ်လိုစိတ်မျိုး
နဲ့လရိပ်ကလက်ထပ်ခွင့်တောင်းရတာလဲ၊
လရိပ်သည်ငယ်သေမှာကိုသိနေရဲ့သားနဲ့
လက်ထပ်ဖို့အထိရည်ရွယ်နေခဲ့သည်၊အဲ့လောက်
ထိလရိပ်သည်ငယ့်ကိုချစ်သလား၊ငယ်မယုံနိုင်
စွာခေါင်းကိုခါမိတော့လရိပ်ကမျှော်လင့်ခြင်း
အပြည့်နဲ့မော့ကြည့်လာသည်။

"လရိပ်..ငါ.ငါ"

ငယ်စကားများထပ်ပြီးထွက်မလာတော့ပေ၊
ငယ်ဟာမကြာခင်သေရမဲ့လူတစ်ဦးလေ၊ဒါကို
ဘယ်လိုစိတ်မျိုးနဲ့လရိပ်ရဲ့ဘဝကိုချုပ်နှောင်
ထားခဲ့ရက်မှာတဲ့လဲ၊ငယ်သေသွားရင်လရိပ်က
အိမ်ထောင်ရှိဖူးတယ်ဆိုတဲ့နာမည်ကြီးနဲ့နေ
သွားရတော့မှာ၊ဟင့်အင်း..အဲ့လိုမဖြစ်ရဘူး
ငယ်သေသွားရင်လရိပ်ကအချိန်တစ်ခုမှာ
ချစ်ရသူအသစ်နဲ့ဘဝကိုပျော်ပျော်ကြီးဖြတ်သန်း
သွားသင့်တယ်မလား။

"ဟင့်အင်း..အဲ့လိုလုပ်လို့မရ!"

"ဘာကလုပ်လို့မရတာလည်းငယ်..ဘာလို့လဲ
ကျုပ်ဘဝမှာအချစ်ဦးကလည်းငယ်ပဲဖြစ်သလို
အချစ်ဆုံးကလည်းငယ်ပဲ..နောက်ထပ်အချစ်
ဆိုတာရှိလာမှာမဟုတ်ဘူး..ကျုပ်ပြောဖူးသားပဲ
ငယ်..ခင်ဗျားဘယ်သွားသွားအနောက်ကနေ
လိုက်ခဲ့ပါ့မယ်လို့လေ..ကျုပ်ကိုလက်ထပ်ပါ"

ငယ်ခေါင်းကိုတဆတ်ဆတ်ငြမ့်ပြလိုက်သည်၊
ထိုအချိန်လရိပ်ကဘယ်သူမှမမှီနိုင်တဲ့အလှဆုံး
အပြုံးကိုပြုံးလေသည်၊သူမအပြုံးတွေက
တောက်ပနေလိုက်တာ၊ငယ်လည်းပျော်နေပါ
သည်၊ဘာကိုမှမတွေးပဲလရိပ်ကိုသာထည့်တွေး
ပြီးလရိပ်တစ်ယောက်ထဲကိုပဲကြည့်မည်။

လရိပ်လက်ထဲကပန်းစည်းလေးကိုငယ့်အား
ထပ်ပေးတော့ငယ်ကမျက်ရည်တွေကြားကနေ
ပြုံးကာယူလေသည်၊ဒူးထောက်ထားရာကနေ
ပြန်ထကာငယ်လက်လေးတစ်ဖက်ကိုဆွဲယူ
ပြီးလက်ထပ်လက်စွပ်လေးအားလရိပ်စွပ်ပေး
လိုက်ပြီးလက်စွပ်လေးပေါ်ဖိနမ်းလိုက်သည်၊
တပြိုင်တည်းလက်ခုပ်သံတွေဆူညံသွားတာ
ကြောင့်ငယ်ဘေးကိုကြည့်တော့ပိုင်ဇေတို့
မောင်နှမလေးယောက်နဲ့ကိုနေယံလင်းပါရှိနေ
ပြီးဘေးမှာလည်းအထိန်းတော်တစ်ချို့က
ကြည့်နေကြလေသည်၊ဦးလေးကိုတော့မတွေ့။

ရွာကပဒိုင်းသီးလေးများWhere stories live. Discover now