Zawgyi
ငယ်လမ်းပြန်လျှောက်နိုင်နေပြီမို့ဒီနေ့ကြည်သာ
စံအိမ်ကိုသွားဖို့လရိပ်လာခေါ်မယ်လို့
ပြောသည်၊ငယ်မနက်ထဲကပြင်ဆင်စရာ
ရှိတာအကုန်ပြင်ထားတာကြောင့်အဆင်
မပြေတာမျိုးမရှိ၊ရေချိုးခန်းထဲကနေထွက်
လာရင်းရေစိုနေတဲ့ခေါင်းကဆံပင်တွေကို
တဘက်တစ်ထည်နဲ့သုတ်နေလိုက်သည်၊
အဝတ်အစားရွေးဖို့သိပ်ပြီးခေါင်းစားစရာ
တော့မလိုပေ၊လရိပ်ကမနေ့ထဲကကြိုပြီး
ရွေးပေးသွားသည်၊အဖြူရောင်လေးပေ၊
ငယ်ကအဖြူရောင်လေးနဲ့သိပ်လိုက်တယ်လို့
ပြောသွားသေးသည်၊လရိပ်မှားတယ်၊အရမ်း
ကိုမှားတယ်..ငယ်ကအဖြူနဲ့မှမဟုတ်ဘူး
ဘယ်အရောင်နဲ့မဆိုလိုက်တယ်လေ၊
သူမျက်လုံးမကောင်းတော့ဘူး၊တွေးလိုက်တာနဲ့တင်မျက်နှာကချက်ချင်း
ပြုံးလာလေသည်၊ခေါင်းခြောက်အောင်
အရင်လုပ်ပြီးမှအဖြူရောင်ချိတ်ထမိန်နဲ့
အပေါ်ကအဖြူချည်သားအင်္ကျီခါးတိုလေး
ကိုဝတ်လိုက်သည်၊အကုန်ပြင်ဆင်ပြီးတော့ငယ်အိတ်ကိုယူကာ
အောက်ဆင်းလာလိုက်သည်၊အောက်မှာ
ထိုင်နေတဲ့လရိပ်ကိုတွေ့တော့ငယ့်မျက်လုံး
တို့ပြူးကျယ်သွားရသည်၊ကြောင်ပြီးရပ်
ကြည့်နေတုန်း"လာလေ..ငယ်ကျုပ်ကိုမမြင်ဖူးတာလား"
"မဟုတ်ပါဘူး..မင်းကရောက်နေတာကို
ငါ့ကိုမပြောဘူး..အဲ့ဒါဆိုမြန်မြန်ဆင်းလာ
မှာပေါ့""ရပါတယ်..ကျုပ်စောင့်ရတာကြီးကိုရိုးနေပြီ
ငယ့်ကိုအကြိမ်ကြိမ်စောင့်လာပြီးမှတော့
ဒီလောက်လေးကိုကျုပ်မမုတော့ပါဘူး"လရိပ်ရဲ့အပြောကြောင့်ငယ်ခိုးပြုံးလိုက်ပြီးမှ
ချက်ချင်းမျက်နှာကိုပြန်တည်လိုက်သည်၊
ပြီးမှအရှေ့ကလရိပ်ကိုကြည့်ပြီး"ဒါဆိုသွားကြမယ်လေ"
"အင်း..ဒါနဲ့စကားမစပ်ခင်ဗျားအရမ်းလှတယ်"
ငယ်ရယ်ရင်းနဲ့လရိပ်ကိုလှမ်းရိုက်လိုက်သည်၊
ဒါပေမဲ့နာအောင်တော့မရိုက်ပေ၊လရိပ်က
လည်းရယ်ရင်းနဲ့အရှေ့ကနေထွက်သွားတာ
ကြောင့်ငယ်အနောက်ကနေသာလိုက်သွား
ရသည်။
YOU ARE READING
ရွာကပဒိုင်းသီးလေးများ
Romanceစာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ အပြင်လောကနဲ့လုံးဝမသက်ဆိုင်ပါ။ ကြည်သာလရိပ်+နွေလဝန်းငယ် . .