Unicode
ကားပေါ်ကနေသေချာပွေ့ကာငယ့်ကိုချီလာ
လိုက်သည်၊ငယ်ကအခြေအနေကောင်းနေပြီ
မို့ဆေးရုံကနေဆင်းရလေသည်၊ဒီမနက်ပဲ
လရိပ်တို့မောင်နှမတွေသွားခေါ်လာတာပင်၊
အန်တီဆည်းဆာတို့လိုက်မယ်ပြောပေမဲ့
အိမ်မှာစောင့်နေခိုင်းကာလရိပ်ပဲငယ့်ကိုသွား
ခေါ်လာခဲ့သည်၊ဟိုအရှုပ်ထုတ်တွေကတော့
သိမ်းစရာရှိတာတွေဝိုင်းကူရအောင်ဆိုတဲ့
အကြောင်းပြချက်နဲ့မရမကအတင်းလိုက်
လာလို့ခေါ်လာရလေသည်၊အိမ်ထဲရောက်
တော့အန်တီဆည်းဆာတို့ကငယ့်ကိုဆိုဖာ
ပေါ်ချခိုင်းတာမို့သေချာဂရုတစိုက်ချပေး
လိုက်ပြီးလရိပ်ပါဝင်ထိုင်လိုက်သည်။"သား..အအေးသောက်အုံး"
"ဟုတ်ကဲ့အန်တီ"
အန်တီဆည်းဆာလာပေတဲ့အအေးကိုတစ်ခါ
တည်းမြိုချလိုက်တော့ငယ်ကအထူးအဆန်း
လိုကြည့်လာလေသည်၊လရိပ်မျက်စိလှမ်း
မှိတ်ပြလိုက်ကာ"ဒါဆိုကျုပ်ပြန်တော့မယ်"
"အယ်..ပြန်တော့မလို့လားကွယ်"
"မပြန်ရပါဘူး!"
ငယ့်ရဲ့ခပ်ဆောင့်ဆောင့်အော်သံကြောင့်
အကြည့်တွေအားလုံးကငယ့်ဆီရောက်လာ
လေသည်၊စိတ်မလုံသလိုလည်ပင်းကိုပွတ်
ကာ"ငယ်ဘာမှပြန်မမှတ်မိသေးဘူးလေ
ကြည်သာလရိပ်နဲ့အတူနေရင်တစ်ခုခုများ
ပြန်မှတ်မိမလားလို့"လရိပ်ကတော့ငယ့်ကိုစိုက်ကြည့်ပြီး
ပြီတီတီမျက်နှာနဲ့ရယ်လေသည်၊ထိုအခါ
ငယ့်မျက်နှာကရဲတက်သွားလေသည်၊"ဟုတ်ပါတယ်ကွယ်..သမီးနဲ့အတူတူနေပါ
လားလရိပ်ရယ်..လက်ထပ်ပြီးနေပြီပဲဟာ""ကျုပ်ကငယ့်အိမ်မှာလိုက်မနေချင်ပါဘူး
လာပြီးကပ်စားနေသလိုဖြစ်နေမယ်
ကျုပ်ကငယ့်ကိုပဲခေါ်သွားပြီးရှာကျွေးချင်
တာ"အန်တီဆည်းဆာကခပ်ပြုံးပြုံးဖြစ်နေပေမဲ့
ငယ်ကတော့ပိုပြန်ပြီဆိုတဲ့သဘောနဲ့လှမ်း
ကြည့်လေသည်၊လရိပ်ပြောတာတစ်ကယ်ပင်
အကယ်ဒမီရှော့တွေလုပ်နေတာမဟုတ်ရ။"ဒါပေမဲ့ငယ်နေစေချင်ရင်ကျုပ်နေမယ်
ထဗျာ..အခန်းထဲသွားကြရအောင်ပင်ပန်း
နေပြီကျုပ်အသက်ရဲ့!"
YOU ARE READING
ရွာကပဒိုင်းသီးလေးများ
Romanceစာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ အပြင်လောကနဲ့လုံးဝမသက်ဆိုင်ပါ။ ကြည်သာလရိပ်+နွေလဝန်းငယ် . .