Unicode
"ခွဲစိတ်ရအောင်ငယ်!"
"ဟင်!"
ခြေလှမ်း၃လှမ်းလောက်အကွာအဝေးမှာရပ်နေ
တဲ့လရိပ်နဲ့ငယ်ကအသက်မဲ့နေသလို၊ငယ်က
ခေါင်းတွေကိုအတင်းခါပြကာပြေးထွက်သွား
တာကြောင့်လရိပ်အနောက်ကနေပြေးလိုက်
သွားရသည်။"ငယ်!!"
"အင့်!"
ကားထဲဝင်မယ်လုပ်နေတဲ့ငယ့်ရဲ့လက်လေးကို
ဆွဲထားလိုက်ပြီးလရိပ်တားသည်၊ငယ်သည်
ဘယ်လောက်များဝမ်းနည်းအားငယ်ခဲ့မလဲ၊
လရိပ်တွေးကြည့်လို့ကိုမရပေ၊ငယ့်ကိုကား
အနောက်ခန်းထဲထိုင်စေကာလရိပ်လည်းဝင်
ထိုင်လိုက်သည်။"ငယ်..ကျုပ်တို့ကြိုးစားကြည့်ကြမယ်လေ"
"ဟင့်အင်း..ဘာကိုကြိုးစားမှာလဲ..ဘာတွေကို
ယုံစားပြီးကြိုးစားရမှာလဲ'ရိပ်'ငါ..ငါတစ်ကယ်
ကြောက်တယ်""ကျုပ်ဘေးမှာရှိနေပေးမယ်လေ..ခင်ဗျားဘေး
မှာကျုပ်ရှိနေမှာပါငယ်ရယ်""မလုပ်ဘူး..လရိပ်မင်းသိလားခွဲစိတ်မှုက
မအောင်မြင်နိုင်ဘူးဆိုတာငါသိတယ်ငါ့အခြေ
အနေကိုလည်းငါသိတယ်..ဘယ်လိုမှမအောင်
မြင်နိုင်ဘူးလို့!!.ခွဲစိတ်လိုက်လို့လွဲချော်သွားရင်
မင်းဘေးနားမှာ၈လလောက်တောင်မနေရပဲ
ငါသေမှာ..ငါအဲ့လိုမဖြစ်ချင်ဘူး..မဖြစ်ရဘူး
ဟင့်..အီးဟီး..မဖြစ်ရဘူး!!""ငယ်!..စိတ်လျှော့ပါအုံးခင်ဗျားရာ..အကောင်း
ဘက်ကတွေးကြည့်ကြရအောင်လေ၈လပြည့်
သွားလို့ကျုပ်ဘေးကနေခင်ဗျားထွက်သွားမှာ
ကိုဘယ်လိုကြည့်နေနိုင်မှာလဲ""အကောင်းဘက်ကတွေးကြည့်လို့ရတယ်
ဒါပေမဲ့အဲ့ဒါကအတွေးသက်သက်ပဲလရိပ်ရဲ့
တစ်ကယ့်ခွဲစိတ်မှုမှာမဖြစ်နိုင်ဘူး..ငါ့အခြေ
အနေကိုငါသိတယ်..ခံစားနေရတဲ့ငါ့အပြင်
ဘယ်သူမှမသိနိုင်ဘူး..အကယ်၍ခွဲစိတ်လိုက်
လို့အောင်မြင်သွားခဲ့ရင်လည်းငါ..ငါနဲ့မင်းရဲ့
အမှတ်တရတွေအားလုံးမေ့သွားမှာတဲ့
အားလုံးကိုမေ့သွားတော့မှာ!!ငါမင်းကိုမမေ့
ချင်ဘူးလရိပ်ရဲ့!!ဟင့်""ငယ်ရာ!"
လရိပ် ငယ့်ကိုယ်လုံးလေးကိုဆွဲဖက်လိုက်တော့
ငယ်ကတအင့်အင့်နဲ့ရှိုက်ကြီးတငင်ငိုလေသည်၊
ထိုနည်းတူလရိပ်ရဲ့မျက်နှာမှာလည်းမျက်ရည်
တွေနဲ့သာ၊လရိပ်ဘယ်လိုလုပ်ရပါ့မလဲ၊
အခုဆိုငယ်ကလရိပ်ရဲ့အဝေးကိုထွက်သွားဖို့
ဖြစ်လာလေပြီ၊ဘယ်လိုလူကဒါမျိုးကြီးကို
မမြင်ချင်ယောင်ဆောင်ကာပြစ်ထားမလဲ။
YOU ARE READING
ရွာကပဒိုင်းသီးလေးများ
Romanceစာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ အပြင်လောကနဲ့လုံးဝမသက်ဆိုင်ပါ။ ကြည်သာလရိပ်+နွေလဝန်းငယ် . .