Part.1(Zawgyi)

910 35 0
                                    

Zawgyi

ဧည့်ခန်းထဲမှာထိုင်နေတဲ့လူတွေထဲမှာလဝန်းငယ်
ကလွဲပြီးကျန်တဲ့သူတွေအားလုံးစကားပြောနေ
ကြလေသည်၊မေမေနဲ့ဧည့်သည်ဦးလေးကြီးက
ရင်းနှီးကြတယ်ထင်သည်၊စကားကိုရေပက်မဝင်
အောင်ပြောနေတာပင်၊ထိုဦးလေးကြီးကိုငယ်
မသိစရာတော့အကြောင်းမရှိပါ၊မန္တလေးရဲ့
နာမည်ကြီးဒိတ်ဒိတ်ကြဲ'ကြည်သာစံအိမ်'ရဲ့
သခင်ကြီးပဲလေ၊ယခုဘာကိစ္စနဲ့အိမ်ကိုရောက်နေ
လည်းမသိပေမဲ့မေမေကခေါ်ထားတာကြောင့်
စိတ်ကိုလျှော့ကာထိုင်နေလိုက်သည်၊မျက်ဝန်းညို
တို့ရဲ့ပိုင်ရှင်'နွေလဝန်းငယ်'ကစိတ်မရှည်တက်
တာကိုသိနေတဲ့Mommyကတော့အသာလေး
လှမ်းကာသတိပေးလေသည်၊ထို့နောက်မေမေ
ကငယ့်ဘက်ကိုလှည့်ပြီး

"သမီး..ဒီဦးလေးကမေမေ့ရဲ့မိတ်ဆွေလေ..
ကြည်သာစံအိမ်ကသားအငယ်ပေါ့..အခုတော့
ဦးလေးကြီးဦးကြည်သာဆုံးပါးသွားတော့
'ကြည်သာစံအိမ်'ရဲ့သခင်ကြီးဖြစ်နေပြီလေ
နှုတ်ဆက်လိုက်အုံးသမီး"

"မင်္ဂလာပါဦးလေး"

ကြည်သာစံအိမ်ရဲ့သခင်ကြီးမကလို့ဘာပဲဖြစ်
ဖြစ်လဝန်းငယ်နဲ့မသက်ဆိုင်တာမို့သခင်ကြီးလို့
တော့မနှုတ်ဆက်ချင်ပေ၊ဘာပဲပြောပြောသူ့ရဲ့
စံအိမ်မှာဘယ်လိုပဲနေခဲ့ပါစေ..ယခုဟာငယ်တို့
အိမ်မှာမို့မလေးမစားလုပ်တာမဟုတ်ပေမဲ့
ဦးလေးလို့သာခေါ်ချင်မိသည်။

"ဦးကြည်သာမိုးမြင့်တဲ့သမီး..မှတ်ထားနော်"

"ဟုတ်မေမေ"

ဆည်းဆာသမီးဖြစ်သူကိုကြည့်ပြီးအနည်းငယ်
ပြုံးပြလိုက်ကာအလိုက်သင့်စကားပြောဖို့
မျက်နှာရိပ်မျက်နှာကဲပြလိုက်သည်၊စံအိမ်ကနေ
ဆည်းဆာတို့အိမ်အထိလာထဲကသာမန်ကိစ္စ
မဟုတ်ဘူးဆိုတာသတိထားမိပါသည်၊

"ငယ့်နာမည်နွေလဝန်းငယ်ပါဦးလေး..ဘာကိစ္စ
နဲ့ရောက်လာသလဲမသိပေမဲ့..ပွင့်ပွင့်လင်းလင်း
ပြောလို့ရပါတယ်"

"အေးပါကွယ်..ဦးလေးလာရင်းကိစ္စကတော့
ဦးလေးမှာအကိုတစ်ယောက်ရှိပါတယ်..ဟူး
သူ့နာမည်ကကြည်သာထူးမြင့်တဲ့"

"ငယ်သိပါတယ်ဦးလေး..ကြည်သာစံအိမ်ရဲ့
သခင်လေးနှစ်ယောက်ကိုကြားခဲ့ဖူးပါတယ်
လိုရင်းကိုသာဆက်ပြောပါရှင့်"

ရွာကပဒိုင်းသီးလေးများWhere stories live. Discover now