Part.12

1.8K 202 10
                                    

Unicode

ငယ်အဝင်ဝမှာထိုင်ဆော့နေတဲ့ရွှန်းလဲ့နဲ့ပယင်းကို
နှုတ်ဆက်ပြီးအိမ်တော်ထဲကိုဝင်လာလိုက်သည်၊
မနေ့ကအိမ်မှာထမင်းကျွေးတာကိုမေမေ့လက်ရာ
ကောင်းတယ်ဆိုပြီးချွဲနေတဲ့အငယ်လေး
နှစ်ယောက်ကိုမေမေကလည်းချစ်ရှာသည်၊
ကလေးနှစ်ယောက်ကသာဖော်ဖော်ရွေရွေရှိပေမဲ့
လရောင်နဲ့ပိုင်ဇေကတော့မျက်နှာတည်ကြီးတွေနဲ့
စားကြသည်၊ဦးလေးမိုးမြင့်ကပြသနာတစ်ခုခု
ဖြစ်တယ်ကြားတာနဲ့မင်းတို့နှစ်ကောင်သေဖို့ပြင်
ထားဆိုပြီးမှာလိုက်တာကြောင့်ငြိမ်နေတာပင်၊

ဟိုတစ်ယောက်ကတော့ငယ့်ကိုချီပြီးအိမ်ထဲဝင်
လာတာကြောင့်Mommyကမျက်မှောင်တကျုံ့
ကျုံ့ဖြင့်သာ၊အောက်ကိုချပေးပါလို့ပြောရင်
မကြားသလိုနေတာကြောင့်အိမ်ထဲအထိငယ့်မှာ
သူ့လက်ပေါ်ကလိုက်လာရသည်၊ကြည်သာလရိပ်
နဲ့တွေ့မှငယ်လည်းရှက်ဖို့တောင်မေ့နေရသည်၊
တသက်လုံးအရှက်ကိုဘုရားလိုကိုးကွယ်ခဲ့တာ
သူနဲ့‌တွေ့မှရှက်ရကောင်းမှန်းမသိတော့ပေ။

"သမီးငယ်လေး..လာပြီလား"

"ဟို..ဒီနေ့ခွင့်လာယူတာဦး"

"ဟေ..ဘာဖြစ်လို့လဲကွယ့်"

တစ်ခါတစ်လေမှသာခွင့်ယူတက်တဲ့ငယ်လေး
ကြောင့်အကြောင်းအရင်းကိုမေးကြည့်ရသည်၊
အရေးမကြီးရင်လွယ်လွယ်ခွင့်ယူတက်တဲ့
ကလေးမှမဟုတ်ပဲလေ၊အခုလိုမေးရတာလည်း
ခွင့်မယူစေချင်လို့မဟုတ်၊ငယ်လေးကသူကိုယ်
တိုင်နေမကောင်းဖြစ်ရင်တောင်ခွင့်ယူတာမဟုတ်
ဘူးလေ၊အခုလိုခွင့်ယူပြီဆိုတည်းကအရေးကြီး
လို့ဖြစ်ရမည်။

"တစ်ခုခုများအခက်အခဲရှိလို့လား"

"မရှိပါဘူးဦး..ငယ်ခွင့်ယူတာကငယ့်အဒေါ်
နေမကောင်းဖြစ်နေတယ်ကြားလို့သတင်းသွား
မေးမလို့ပါ"

"ဪ..ဒါဆိုသွားလေဦးလေးကိုခွင့်တောင်းစရာ
မလိုပါဘူး"

အိမ်ပေါ်ကနေအိပ်မှုံစုန်ဖွားနဲ့ဆင်းလာတဲ့လရိပ်
ကဧည့်ခန်းထဲမှာစကားထိုင်ပြောနေတဲ့ဦးလေး
ဖြစ်သူနဲ့ဟိုတစ်ယောက်ကိုမြင်လိုက်တာကြောင့်
မျက်စောင်းတစ်ချက်ထိုးကာမီးဖိုချောင်ထဲဝင်
သွားလေသည်၊မနက်အစောကြီးလည်းအလွမ်း
သယ်နေကြပြန်ပြီ။

ရွာကပဒိုင်းသီးလေးများWhere stories live. Discover now