Part.5

1.9K 216 1
                                    

Unicode

ငယ်ဧည့်ခန်းထဲမှာဦးမိုးမြင့်နဲ့ခဏစကားပြော
နေ‌လိုက်သည်၊မနေ့ကကိစ္စကိုလည်းအစပြန်
မဖော်ချင်တော့ပေ၊ရိုင်းစိုင်းတဲ့သူတွေကိုထည့်
ပြီးတွေးနေရင်ငယ်ဆိုတာဒီလိုနာမည်တစ်လုံးနဲ့
ရပ်တည်နေနိုင်ခဲ့မှာမဟုတ်ပေ၊တိုက်ခိုက်ပြော
ဆိုမှုတွေ..မနာလိုအမုန်းပွားမှုတွေကိုဂရုစိုက်
နေခဲ့ရင်အကြိမ်ကြိမ်ပြိုလဲနေခဲ့မှာပဲ၊အဲ့ဒါတွေ
ကိုထည့်ဂရုစိုက်နေရင်ယနေ့မှာငယ်ဆိုတာ
အများလက်ညှိုးထိုးပြောဆိုနေတာကိုခေါင်းငုံ့
ခံနေရမှာပင်၊ပန်းတိုင်ရောက်ဖို့မလွယ်ဘူးလို့ပဲ
သတ်မှတ်ထားတယ်၊ခွေးဘယ်လောက်ပဲဟောင်
နေပါစေ..ထကြည့်ရင်တော့အိပ်ရေးပျက်မှာပဲ၊
ဒီတော့ခွေးကြီး..ခွေးလေး..ခွေးငယ်..ခွေးအို
ခွေးသူတောင်းစာဖြစ်နေလည်းနွေလဝန်းငယ်တို့
ထည့်မတွက်ပေ၊အချိန်တန်မောလာရင်ရပ်သွား
လိမ့်မယ်ဟုတ်တယ်မလား၊သူတို့အပြစ်တင်ပြော
ဆိုနေခဲ့ရင်ကိုယ့်စိတ်ထဲမှာ'ဪ..ဒီအချိန်ကြီး
လည်းခွေးကဟောင်ပါလား'လို့တွေးလိုက်
ကိုယ်တိုင်ဟာခွေးမောင်းတဲ့သူတော့မဖြစ်စေနဲ့၊
ဟောင်နေတဲ့ခွေးကိုလည်းရှောင်စရာမလိုဘူး၊
ကိုယ့်ပန်းတိုင်ကိုရောက်အောင်မျက်ကွယ်ပြုထား
လိုက်ရုံသာ၊

"ဦးအလုပ်ကိစ္စရှိရင်သွားလို့ရပါတယ်"

"အေးကွယ်..အလုပ်ကိစ္စကအခုပဲအရေးကြီးပေါ်
လာတာ..ငယ်လေးကိုလရိပ်တို့မောင်နှမတွေနဲ့
ထားခဲ့ရမှာ..ရင်လေးတယ်..အဲ့ကလေးတွေက
အရမ်းဆိုးတာ"

အလုပ်သွားရမှာကိုဖြစ်လာမဲ့အကြောင်းအရာ
တွေအားရင်လေးနေတယ်တဲ့လေ၊ငယ်လည်း
ကြိုစဉ်းစားထားသည်၊အကြီးဆုံးကအသက်၂၃
ယောက်ျားလေးအမြွှာနှစ်ယောက်က၂၀၊အငယ်
မိန်းကလေးအမြွှာကအသက်၁၇၊သုံးနှစ်ကြီး
သုံးနှစ်ငယ်တွေပေ၊တုတ်နဲ့ရိုက်ပြီးဆုံးမရအောင်
ကလေးလည်းမဟုတ်၊တရားရေအေးတိုက်ကျွေး
ရအောင်လည်းပဒိုင်းသီးတသိုက်ကသူတော်စင်
များမဟုတ်၊ကလေးမဟုတ်လူကြီးမဟုတ်တွေ
ကိုငယ်ဘယ်လိုဆုံးမသွန်သင်ရမလဲ၊ဘာပဲပြော
ပြောငယ့်ထက်အသက်ငယ်ကြတာမို့အကြီးပီပီ
သည်းခံရမှာပဲ၊

ရွာကပဒိုင်းသီးလေးများWhere stories live. Discover now