Part.17

1.7K 186 7
                                    

Unicode

လရိပ်မှန်ရှေ့ကကိုယ့်ပုံရိပ်ကိုကြည့်ပြီးလက်သီး
ကိုတင်းတင်းဆုပ်ထားပေမဲ့မျက်နှာလေး
ကတော့ပြုံးယောင်သမ်းနေလေသည်၊နီညိုရောင်
မြန်မာဝတ်စုံလေးကိုခပ်ရိုးရိုးလေးချုပ်ကာ
ဝတ်ထားလေသည်၊ဂုတ်ထောက်ဆံပင်တွေကို
အရင်လိုစီးမထားပဲဒီတိုင်းလေးသာချထား
လိုက်သည်၊ခင်ဗျားကြောင့်ငယ်..ခင်ဗျားဆန္ဒ
ကြောင့်ကျုပ်လုပ်ပေးတာ။

မရည်ရွယ်ပဲမျက်ရည်တစ်ပေါက်ကပါးပြင်ပေါ်
ခုန်ဆင်းသွားတာကြောင့်ဆွဲသုတ်လိုက်သည်၊
လရိပ်ကမိန်းကလေးဟုတ်သည်၊ဒါပေမဲ့
လရိပ်မှလက်မခံခဲ့ပဲ၊လရိပ်ဟာယောက်ျားလေး
လို့သာကိုယ့်ကိုကိုယ်သတ်မှတ်ခဲ့တာမို့အခုလို
အခြေအနေကခက်ခဲလေသည်၊

"အစ်ကိုကြီးလရိပ်..အစ်မငယ်လေးက
ပြုပြင်ရေးအခန်းထဲလာပါတော့တဲ့!"

"ကျွီ"

"အစ်မ..ငါကနင့်အစ်မရွှန်းလဲ့"

မျက်ရည်ဝိုင်း‌နေတဲ့မျက်ဝန်းတွေနဲ့အခန်းထဲက
ထွက်လာတဲ့အစ်မလရိပ်ကြောင့်ရွှန်းလဲ့လည်း
ငိုချင်လာရသည်၊အစ်ကိုကြီးလေ..အစ်ကိုကြီး
တစ်ယောက်လိုအမြဲဆုံးမ စောင့်ရှောက်ခဲ့တာ၊
အခုအခြေအနေကြီးမှာအစ်မလရိပ်သိပ်ဝမ်းနည်း
နေခဲ့မှာ၊ဘေးကကြည့်နေတဲ့ရွှန်းလဲ့တောင်
မျက်ရည်ကျရပါသည်။

"လရောင်ဒီနေ့အစ်ကိုနေယံလာခေါ်လိမ့်မယ်
မင်းမှာအရည်အချင်းရှိမရှိငါစောင့်ကြည့်
နေမယ်!''

လရောင်ကဘာမှပြန်မပြောပဲအံကြိတ်ကာ
နားထောင်နေလေသည်၊အစ်မငယ်လေးက
တစ်ကယ်ပြောင်းလဲသွားသည်၊

"ပိုင်ဇေကပြီးရင်ဦးလေးနဲ့အတူCompanyကို
လိုက်သွား..အတွင်းရေးမှူးကရှင်းပြလိမ့်မယ်
မင်းကဦးဆောင်သူဖြစ်ပါစေ"

ပိုင်ဇေသည်လည်းနားထောင်နေပေမဲ့ဘာမှ
ပြန်ပြောခြင်းမရှိခဲ့၊ပိုင်ဇေတို့ကဘာပြောရအုံး
မည်နည်း၊အမြဲယောက်ျားလေးလိုနေခဲ့တဲ့
အစ်မလရိပ်ကတောင်အခုပြောင်းလဲနေပြီပဲ၊
ပိုင်ဇေတို့ကသိပ်အရေးမပါလှပေ၊အစ်မလရိပ်
လောက်မဆိုးသေးပေ။

"နင်တို့နှစ်ယောက်အောက်ဆင်းတော့!!
ပယင်းရောရွှန်းလဲ့ရော..ဟင်းချက်နည်းအရင်
သင်ကြ..ပြီးမှကျန်တာဆက်သင်ရမယ်"

ရွာကပဒိုင်းသီးလေးများWhere stories live. Discover now