Part.27

1.8K 181 11
                                    

Unicode

ငယ့်ကိုပွေ့ချီဖို့လက်လှမ်းလိုက်တော့အလန့်
တကြားခေါင်းခါပြလေသည်၊‌လရိပ်သဘော
တကျရယ်လိုက်မိပါသည်၊နေပါအုံး..ဒီလို
ချစ်စရာကောင်းတဲ့ပုံစံလေးတွေကခွဲစိတ်
ရင်းလက်ဆောင်အဖြစ်ထည့်ပေးလိုက်တာ
များလား၊အရင်ကဆိုရှက်ပြီးမျက်နှာလေး
ရဲနေကာလရိပ်ကိုမျက်စောင်းထိုးမှာမှန်ပေမဲ့
အခုတော့မျက်လုံးပြူးလေးနဲ့မျက်တောင်
တွေပုတ်ခတ်ပုတ်ခတ်လုပ်ကာခေါင်းကိုအတင်း
ခါပြနေလေသည်၊အလကားသက်သက်လူကို
ရင်ခုန်အောင်လို့ခင်ဗျားရယ်။

"ငယ်..လာပါဗျာ..ကျုပ်ချီသွားမယ်ငယ်က
လမ်းမလျှောက်နိုင်သေးဘူးလေ"

"ဟင့်အင်း..ဒီတိုင်းပဲကြိုးစားလျှောက်ကြည့်
မယ်"

လရိပ်ကုတင်ဘေးကခုံပုလေးပေါ်ထိုင်ချပြီး
ငယ့်ကိုဆက်ပြောဆိုတဲ့သဘောနဲ့ခေါင်းဆက်
ပြလိုက်သည်၊ငယ်ကနှုတ်ခမ်းကိုစူကာလရိပ်
ကိုကြည့်ပြီး

"ငါ..မနေတက်ဘူး"

"အင်း..အရင်ကလည်းအဲ့လိုပြောဖူးတယ်
ပြီးတော့အရိုင်းအစိုင်းဆိုတာကပါသေးတယ်
ငယ်..ခင်ဗျားသိလားကျုပ်မှာနာမည်တွေ
စုံနေတာပဲ"

လရိပ်ကခပ်ဟဟရယ်ရင်းပြောနေပေမဲ့
ငယ်ကတော့အခုထိချစ်စရာအမူအယာလေး
နဲ့အရယ်မပြုံးပဲကြည့်နေလေသည်၊ကြာတော့
လရိပ်ရှက်ကိုးရှက်ကန်းဖြစ်လာရတော့သည်၊
နောက်ဆုံးလက်နှစ်ဖက်ကိုအပေါ်မြှောက်ကာ
ငယ့်ကိုအရှုံးပေးကြောင်းပြောတော့ငယ်က
ရယ်လေသည်။

"လျှောက်..ကိုယ့်ဘာသာလျှောက်ချင်ရင်"

"အင်း"

ငယ်ကုတင်ဘေးကိုတိုးပြီးခြေထောက်ကို
လက်နဲ့မကအောက်ချရသည်၊အားထည့်ပြီး
ထောက်ကြည့်တော့ခြေထောက်တွေကတုန်
ယင်လာလေသည်၊ဘေးကစားပွဲအရှည်ကို
လက်ထောက်အားပြုကာကြိုးစားထကြည့်
တော့ခြေထောက်ကမထောက်နိုင်ပဲကုတင်
ပေါ်ပြန်ပြုတ်ကျလေသည်၊လရိပ်ကိုပြန်မော့
ကြည့်တော့ခပ်ပြုံးပြုံးနဲ့ဆက်လုပ်ဆိုပြီး
မေးငှော့ပြလေသည်၊ငယ်လည်းလရိပ်ကို
မကြည့်တော့ပဲခြေထောက်တွေကိုသေချာ
ချကာစားပွဲကိုလက်ထောက်ပြီးထလိုက်သည်၊
မတ်တပ်ရပ်လို့ရသွားပြီးခဏလောက်တောင်
မကြာလိုက်ပျော့ခွေကာကုတင်ပေါ်ပြန်ကျ
သွားသည်၊လရိပ်ကသွားများပေါ်သည်အထိ
ငယ့်ကိုကြည့်ပြီးရယ်လေသည်၊ငယ့်ရဲ့နှုတ်ခမ်း
လေးတွေပြန်ပြီးစူချင်လာတော့သည်၊ရယ်နေ
တဲ့လရိပ်ကိုစူပုတ်ပုတ်ပြန်မော့ကြည့်တော့
လရိပ်ကမျက်စိတစ်ဖက်လှမ်းမှိတ်ပြလေသည်၊

ရွာကပဒိုင်းသီးလေးများWhere stories live. Discover now