Part.4

1.9K 206 3
                                    

Unicode

ဧည့်ခန်းထဲမှာမိန်းကလေးတစ်ယောက်နဲ့စကား
ပြောနေတဲ့ဦးလေးဖြစ်သူကြောင့်လရိပ်တို့
မောင်နှမတစ်သိုက်ချောင်းနားထောင်နေပေမဲ့
ဘာဆိုဘာမှမကြားရပေ၊လက်ထပ်ဖို့အကြောင်း
များပြောနေကြတာလား၊နွားအိုမြက်နုကြိုက်တာ
ပင်'ကျောဘက်ပဲမြင်ရတဲ့ထိုမိန်းကလေးရဲ့ပုံစံ
ကတော်တော်ပြည့်စုံလွန်းသည်၊အပြာရင့်ရောင်
ပေါ်ကိုအဝါရောင်ချည်အလှတွေထိုးထားတာ
မို့အမြင်ဆန်းပြီးမြန်မာဆန်လေသည်၊ခါးတိုလေး
ဖြစ်ပြီးအောက်ကချိတ်ထမိန်နဲ့ကွက်တိချုပ်
ထားပေမဲ့နည်းနည်းလေးတောင်ခါးတွေဘာတွေ
ပေါ်သွားတာမျိုးမရှိပေ၊လရိပ်ခါးပေါ်သွားမှာကို
လိုက်ကြည့်နေတယ်လို့တော့မထင်နဲ့နော်၊
လရိပ်ကအတွင်းကျကျစစ်ဆေးနေတာ၊

ခါးလောက်ထိရှည်မယ်ထင်ရတဲ့ဆံပင်တွေက
အမြင့်မြှောက်စီးထားပြီးဖဲပြားအပြာလေးနဲ့
လှပစွာစီးနှောင်းထားတာကနန်းဆန်လှသည်၊
လရိပ်အတွေးထဲဟိုတစ်နေ့ကအနီရောင်ဝတ်စုံ
လေးနဲ့ဆံပင်ရှည်ရှည်အလှတရားလေးကိုပင်၊
လှသလိုမာနကလည်းကြီးလိုက်တာဆိုတာ၊
ချောင်းကြည့်နေကြရင်းလရိပ်အနောက်ကို
အရှိန်နဲ့တစ်ယောက်ယောက်တွန်းထုတ်လိုက်
တာမို့အရှေ့ကိုပုံရပ်သားခွေးကျဝက်ကျလဲလေ
တော့သည်၊

"သွားပြီ!"

လရောင်နဲ့ပိုင်ဇေရန်ဖြစ်ရင်းပိုင်ဇေကလရောင်
ကိုတွန်းလိုက်တာကြောင့်အရှိန်မထိန်းနိုင်ပဲ
အစ်မလရိပ်ကိုသွားတိုက်တာအခုတော့အရှေ့
မှာအစ်မလရိပ်ပုံရပ်သားကွေးကွေးကြီးလဲလေ
ပြီ၊

ဘုတ်ကနဲအသံကြားလိုက်တာကြောင့်ဦးမိုးမြင့်
သမီးနွေလဝန်းငယ်နဲ့စကားပြောနေရာကနေ
လှမ်းကြည့်တော့လရိပ်ကြမ်းပြင်ပေါ်လဲနေတာ
ပင်၊သက်ပြင်းအသာချပြီးမျက်နှာပူပူနဲ့သမီး
လဝန်းဘက်ကိုမသိမသာလှည့်ကြည့်တော့
သူများအကြောင်းကိုစပ်စပ်စုစုမလုပ်ပဲအရှေ့
ကိုသာစိုက်ကြည့်နေတာကြောင့်တော်သေးသည်၊
ပရမ်းပတာနိုင်တဲ့ပဒိုင်းသီးတစ်သိုက်အကြောင်း
သိသွားလို့အိမ်‌ပြန်ပြေးသွားမှာဆိုးရပါသည်၊
ဒါပေမဲ့လည်းနွေလဝန်းငယ်ဆိုတာလွယ်လွယ်
အရှုံးပေးတက်တဲ့သူမျိုးမှမဟုတ်ပဲလေ၊

ရွာကပဒိုင်းသီးလေးများWhere stories live. Discover now