Unicode
ကုတင်ပေါ်ကနွေလဝန်းငယ်ရဲ့လက်လေးတွေ
ကမသိမသာလှုပ်လာလေသည်၊လက်ချောင်း
လေးတွေလှုပ်စိလှုပ်စိဖြစ်လာတာအတော်
လေးကြာနေလေပြီ"သမီး!"
အခုမှသမီးလက်လေးတွေလှုပ်လာတာကို
သွန်းမြင်လိုက်ရတာကြောင့်အပျော်လုံးဆို့
သွားရသည်၊ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း
မှအသိစိတ်ထိန်းကာဆရာဝန်ပြေးခေါ်ရလေ
သည်။"ဆရာ..ဆရာကျွန်မသမီးလေးသတိရလာပြီ
ထင်တယ်..လက်လေးတွေလှုပ်လာပြီ!!"ဆရာဝန်နဲ့သူနာပြုတစ်ယောက်ကလည်း
အပြေးအလွှားလိုက်လာကြလေသည်၊အခန်း
ထဲရောက်တော့သမီးကမျက်မှောင်ကျုံ့ထား
ကာခန္ဓာကိုယ်ကတော့မလှုပ်ရှားသေးပေ။"ဆရာသမီးကိုကြည့်ပါအုံး.တစ်ခုခုဖြစ်လို့လား"
"စိတ်အေးအေးထားပါဗျ..အဆင်ပြေသွားမှာပါ"
"နွေလဝန်းငယ်.ဆရာခေါ်တာကိုကြားတယ်
မလား..နွေလဝန်းငယ်!"ဘယ်လောက်ခေါ်ခေါ်ပြန်မထူးတာကြောင့်
ဆရာဝန်ကြီးကသက်ပြင်းချပြီး"သေချာနားထောင်မယ်နော်နွေလဝန်းငယ်
မျက်လုံးကိုဖြေးဖြေးချင်းဖွင့်ကြည့်လိုက်!"ငယ့်မျက်တောင်လေးတွေအနည်းငယ်ပွင့်
လာပြီးမှပြန်မှိတ်သွားကာမျက်မှောင်ကျုံ့
လေသည်၊ပါးစပ်ကလည်းဘာစကားမှထွက်
မလာသေးတာမို့သွန်းတစ်ယောက်စိတ်ပူနေ
ရပြန်သည်။"မျက်မှန်ယူခဲ့ပေးပါ"
အချိန်အကြာကြီးသတိမေ့နေတာမို့အလင်း
ရောင်ကိုမကြည့်နိုင်ပဲမျက်စိစူးစေတာပင်၊
ထိုအတွက်ကြောင့်လဝန်းငယ်ရဲ့မျက်လုံးဘေး
သို့မျက်ရည်တစ်ချို့စီးကျလာလေသည်။သူနာပြုယူလာတဲ့နေကာမျက်မှန်တက်ပေး
လိုက်ပြီး"သမီးကြားတယ်မလား..မျက်လုံးမစူးတော့
ဘူးဖြည်းဖြည်းချင်းဖွင့်မယ်နော်"ထို့နောက်ငယ့်မျက်လုံးလေတွေအတိအလင်း
ပြန်ပွင့်လာပြန်သည်၊ခုနကလိုအလင်းရောင်
ကြောင့်မျက်စိမစူးတာမို့မျက်တောင်တွေကို
ပုတ်ခတ်ပုတ်ခတ်လုပ်နေမိသည်။
YOU ARE READING
ရွာကပဒိုင်းသီးလေးများ
Romanceစာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ အပြင်လောကနဲ့လုံးဝမသက်ဆိုင်ပါ။ ကြည်သာလရိပ်+နွေလဝန်းငယ် . .