Part.2

2.3K 223 2
                                    

Unicode

လရိပ်အိမ်ပေါ်ကဆင်းလာတော့ကွပ်ပျစ်ပေါ်မှာ
ညီးတွားနေတဲ့ဟာတွေကိုခဏလောက်ရပ်ကြည့်
နေလိုက်သည်၊ဘယ်နှယ့်ဒီကလေးတွေလူကို
မတရားသူကြီးဇာတ်သွင်းနေတာပင်၊သူတို့လုပ်
နေတဲ့ပုံကိုကျတော့မပြင်ကြဘူး၊ခက်သကိုး..
လရိပ်လည်းဘယ်ရိုက်ချင်ပါ့မလဲ..သို့သော်
ဤကလေးတွေမနေ့ကခေါ်လိုက်တဲ့အရာက
လရိပ်ကိုတော်တော်ဒေါသထွက်စေတာပင်၊

"အာ့..ကျွတ်ကျွတ်..ဖြေးဖြေးထည့်လေနွားရဲ့
သေမလိုအရမ်းဖိနေတယ်"

ဆေးထည့်ပေးနေတာကိုစေတနာပျက်အောင်
လာပြောနေတဲ့လရောင်အားပိုင်ဇေပေစောင်း
စောင်းမော့ကြည့်လိုက်ပြီးလက်ကိုပိုပြီးအား
ထည့်ကာဖိချလိုက်သည်။

"အား!!ခွေးကောင်..နာတယ်ကွ"

"မင်းတစ်ယောက်ထဲနာတက်တာမဟုတ်ဘူး
ရော့..ငါကုတ်ကိုလည်း‌ဆေးလိမ်းပေးစမ်းပါ"

"ပေးပေး"

လရောင်..ပိုင်ဇေ့လက်ထဲကဆေးဘူးကိုယူကာ
ညိုမဲပြီးရောင်နေတဲ့ကုတ်ကိုခပ်ဖွဖွပွတ်ကာ
လိမ်းပေးနေရင်းအိမ်ပေါက်ဝမှာစိုက်ကြည့်နေတဲ့
အစ်မဖြစ်သူကြောင့်အယောင်ယောင်အမှားမှား
ပိုင်ဇေကိုဆေးထည့်ပေးနေရာကနေဖိနှိပ်လိုက်မိ
တော့

"အား!!-ီးဖြစ်လို့လာဖိတာလားငါ-ိုး"

ပိုင်ဇေနာသွားတာကြောင့်ရှေ့မကြည့်နောက်
မကြည့်ဆဲဆိုနေလေသည်၊ဆဲလို့ဝတော့မှငြိမ်
ကျသွားတဲ့လရောင်ကြောင့်မော့ကြည့်တော့
အိမ်ပေါက်ဝကိုတုန်တုန်ရီရီနဲ့စိုက်ကြည့်နေလေ
သည်၊ဘာဖြစ်တာလဲဟဆိုပြီးအိမ်ပေါက်ဝကို
လှမ်းကြည့်တော့လက်ပိုက်ပြီးလှမ်းကြည့်နေ
တဲ့အစ်မလရိပ်ကြောင့်လူကယောင်ပြီးအသက်
ရှူအောင့်ထားမိလိုက်သည်။

"ငါ့-ီး..ငါ-ိုးနဲ့..တော်တော်လေးယဉ်ကျေးနေ
တာပဲနော်ပိုင်ဇေ..မင်းမှာအဲ့ဒါရှိတာလူတိုင်း
သိတယ်..ပိတ်ကြွားမနေနဲ့ငါဆွဲဖြတ်လိုက်မယ်"

မျက်နှာတည်ကြီးနဲ့ပြောလာတဲ့အစ်မလရိပ်
ကြောင့်ပိုင်ဇေ့တစ်နေရာကျင်တက်သွားသေး
သည်၊ကိုယ်ကျိုးနည်းမဲ့အဖြစ်ကြီးမို့ဆဲဆိုမိတဲ့
ကိုယ့်ပါးစပ်ကိုသာပိတ်ရိုက်လိုက်ချင်သည်၊
အစ်မကပေါက်ကွဲမှာပေါ့..သူ့မှာမှမပါတာ..
အပြင်မှာထုတ်ပြောရအောင်တော့ပိုင်ဇေတို့
နှစ်၁၀၀၀လောက်ကြိုးစားရ‌အုံးမည်။

ရွာကပဒိုင်းသီးလေးများWhere stories live. Discover now