Part.20

1.7K 180 3
                                    

Unicode

ဒီရက်ပိုင်းလရိပ်ကသိပ်ထူးဆန်းနေလေသည်၊
အခုလည်းကားအနက်ရောင်တစ်စီးနဲ့ငယ့်အိမ်
ကိုရောက်လာသည်၊ဘယ်တုန်းကကား
မောင်းတက်သွားတာလဲမေးရင်စပ်ဖြဲဖြဲနဲ့
ရယ်လေသည်၊ဘယ်အချိန်ထဲကခိုးပြီးကား
မောင်းသင်ထားလည်းမသိဘူး၊

"ငယ်...ကျုပ်နဲ့လိုက်မယ်မလား"

"ဘယ်ကိုသွားမလို့လဲ"

"ခင်ဗျားသွားချင်တဲ့နေရာလေးရှိလားငယ်"

ငယ်ခေါင်းခါပြလိုက်တော့လရိပ်ကစူပုတ်သွား
လေသည်၊ငယ်ကတော့လရိပ်ဖြစ်သွားတဲ့ပုံကို
ကြည့်ပြီးရယ်မိတော့သည်၊

"ဒါဆိုမသွားတော့ဘူးလေနော်..ဒီမှာပဲနေကြ
မယ်အဆင်ပြေတယ်မလားငယ်"

"အင်း..မင်းသဘောပဲ"

ဧည့်ခန်းထဲမှာစကားပြောနေတုန်းအပေါ်ကနေ
Mommyကဆင်းလာလေသည်၊လရိပ်
ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်သည်၊
အရင်ကဘယ်လိုပဲနေခဲ့နေခဲ့အခုတော့
ယောက္ခမတော်ရတော့မှာမလား၊အတွေးနဲ့တင်
မျက်နှာကပြုံးဖြီးလာတာကြောင့်ငယ်က
သတိပေးတဲ့အနေနဲ့လက်တို့လေသည်။

"သားရောက်နေတာလား"

"ဟုတ်ကဲ့..အဆင်ပြေသလိုသုံးပါအန်တီ"

သွန်းကလေးမလေးကိုပြုံးပြီးခေါင်းငြိမ့်ပြ
လိုက်ကာသမီးဖြစ်သူဘက်လှည့်ကြည့်လိုက်
သည်၊အင်း..သမီးတောင်အတောင်စုံလာပြီပဲ။

"ထိုင်ကြအုံး..Mommyသမီးအဒေါ်ဆီသွား
မလို့..ကြားလား"

"တီတီထားတို့ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး..ဒီတိုင်းခဏသွားမလို့"

Mommyကပြောပြီးထွက်သွားတာကြောင့်
ငယ်နဲ့လရိပ်သာကျန်ခဲ့သည်၊Mommyထွက်
သွားတာနဲ့ချက်ချင်းငယ့်ဘေးနားရောက်ချ
လာတဲ့လရိပ်ကိုပေစောင်းစောင်းသာကြည့်
ပေးလိုက်သည်၊ငယ့်ပုခုံးပေါ်ခေါင်းမှီလာပြီး
ချွဲသည်၊

"အဲ့ဒါကဘာဖြစ်ရတာလဲ"

"ချစ်လို့လေဗျာ..ချစ်လို့..ငယ်ကျုပ်ကိုချစ်လား
ကျုပ်ကရွာမှာဆိုရန်ဖြစ်ဖို့ပဲသိတဲ့လူဆိုပြီး
နာမည်ကြီးတာ..တစ်ကယ်တမ်းတော့
ကျုပ်ကစောက်ရမ်းချစ်ပြတက်သေးတာပဲ
နော်..ဟုတ်တယ်မလားကျုပ်အသက်"

ရွာကပဒိုင်းသီးလေးများWhere stories live. Discover now