Part.25

1.7K 176 16
                                    

Unicode

၈လခန့်ကြာသောအခါ..

လရိပ်တံခါးကိုတွန်းဖွင့်ပြီးပြတင်းပေါက်နား
ကိုသွားကာဖွင့်ထားလိုက်သည်၊ဂီတာကို
စားပွဲဘေးမှာထောင်လိုက်ကာကုတင်ပေါ်မှာ
လဲလျောင်းနေတဲ့ငယ့်ဘေးနားသွားထိုင်လိုက်
သည်။

"ငယ်..၈လတောင်ကြာသွားပြီ..ခင်ဗျားဘာလို့
နိုးမလာသေးတာလဲ..ကျုပ်ကိုအကြာကြီး
မစောင့်ခိုင်းပါနဲ့တော့..ကျုပ်ခင်ဗျားကို
လွမ်းလှပြီငယ်ရဲ့!"

ဆရာဝန်ကြီးကကိုမာဝင်နေတဲ့ငယ့်ကိုစကား
များများပြောပေးခိုင်းသည်၊အဓိက ကတော့
ကိုမာဝင်နေတဲ့ငယ်ပြန်နိုးထချင်လာအောင်
ပြောပေးရမည်တဲ့၊ငယ်နိုးလာရင်အတူတူ
လျှောက်သွားကြမယ်၊ရွာကိုလည်းသွားကြ
မယ်၊အမျိုးမျိုးအဖုံဖုံပြောပြပေမဲ့ငယ်ကတော့
နိုးမလာသေးပေ၊အဲ့နေ့ထဲကငယ်ဟာကိုမာ
ဝင်နေခဲ့တာ၈လတောင်ရှိသွားသည်၊

လရိပ်ကတော့နေ့တိုင်းငယ့်ဆီကိုလာသည်၊
ပြီးရင်လက်သည်းခြေသည်းလေးတွေရှည်
လာရင်ညှပ်ပေးတာမျိုး၊တစ်ကိုယ်‌ရေသန့်
ရှင်းရေးလုပ်ပေးတာမျိုးအမြဲလုပ်ပေးသည်၊
ငယ်ဘေးမှာစကားတွေရေပက်မဝင်အောင်
ပြောနေတာမျိုး၊တစ်ယောက်ထဲသဘောကျ
ပြီးတစ်ယောက်ထဲရယ်နေမိတာမျိုး၊လရိပ်
ရူးနေတာမဟုတ်ပါ၊ငယ်နိုးထလာချင်အောင်
လရိပ်ပြောပေးနေတာ။

ဆရာဝန်ကြီးကပြောဖူးသည်'လူနာကပြန်နိုး
ထချင်လာမှသတိပြန်ရမယ်တဲ့..သူကိုယ်တိုင်
ကပြန်နိုးထချင်တဲ့စိတ်မရှိတော့ရင်ဒီလိုပဲ
ဆက်ဖြစ်နေအုံးမှာတဲ့လေ'။ငယ်ကပြန်မနိုး
ထချင်ရအောင်ဘာများစိတ်ဆိုးနေလို့လည်း
ဆိုပြီးရူးကြောင်ကြောင်တွေးမိပါသေးသည်။

"ငယ်..ဒီနေ့ကလေကျုပ်နဲ့ခင်ဗျားရဲ့မင်္ဂလာ
နှစ်ပတ်လည်နေ့လေ..ငယ်နဲ့ကျုပ်လက်ထပ်
ထားတာဘာလိုလိုနဲ့၁နှစ်ပြည့်ပြီငယ်!
ခင်ဗျားကတော့ကျုပ်ကိုပြစ်ထားတုန်းပဲ
ပြန်နိုးလာမှအသက်ရှူကျပ်တဲ့အထိနမ်းပစ်
အုံးမယ်သိလား"

လရိပ်တစ်ယောက်ထဲငယ့်ဘေးမှာပြောရင်း
ရယ်မိပြန်သည်၊စားပွဲဘေးမှာထောင်ထားတဲ့
ဂီတာကိုဆွဲယူလိုက်ပြီး

ရွာကပဒိုင်းသီးလေးများWhere stories live. Discover now