Part.16

1.7K 183 5
                                    

Unicode

အဲ့နေ့ထဲကငယ်ကြည်သာစံအိမ်ကိုမသွားခဲ့ပေ၊
ဒါပေမဲ့ဒီနေ့တော့သွားမည်၊မဖြစ်မနေထိုအိမ်ကြီး
ကိုသွားရမည်၊ပြီးတော့ကိစ္စတစ်ခုကိုလည်း
ကျိန်းသေအောင်မြင်အောင်ငယ်လုပ်ရမည်။

အပေါ်ထပ်ကနေဆင်းလာတဲ့ငယ့်ရဲ့မျက်နှာ
လေးကဖြူဖျော့နေလေသည်၊အနည်းငယ်ပိန်
သွားပေမဲ့အရင်လိုလှနေတုန်းပေ၊မျက်နှာလေး
ချောင်ကျသွားတာကတော့သိသာနေလေသည်၊
အရမ်းမဖောင်းပေမဲ့အသင့်သင့်ပြည့်ပြည့်ဝဝ
လေးဖြစ်နေတဲ့ပါးလေးတွေကလည်းအခုတော့
မမြင်ရတော့ပေ။

"သမီးသွားတော့မယ်မေမေနဲ့Mommy"

"သွားတော့မှာလားသမီး..နေမကောင်းဘူးလား
မျက်နှာလေးကဖြူဖျော့နေလိုက်တာ"

မေမေ့ရဲ့အမေးကိုငယ်ခေါင်းခါပြလိုက်ပြီး

"နေကောင်းပါတယ်မေမေ..နည်းနည်းအိပ်ရေး
မဝလို့ပါ"

"ဟုတ်ရဲ့လားကွယ်"

"စိတ်မပူပါနဲ့မေမေရဲ့..သမီးကသန်မာတယ်လေ
ဟုတ်တယ်မလား"

သွားတန်းဖွေးဖွေးလေးတွေပေါ်အောင်ပြုံးနေ
ပေမဲ့ငယ်ဟာထူးဆန်းနေတာအမှန်၊မေမေ့ကို
နှုတ်ဆက်ပြီးအမြန်ကျောခိုင်းခဲ့သည်၊ကားထဲ
ဝင်ပြီးတာနဲ့မျက်ရည်ပေါက်တို့ကပါးပြင်ပေါ်သို့
အလုအယက်‌ခုန်ဆင်းကုန်ကြလေသည်။

                              🍁🍁🍁🍁
မနက်စာစားဖို့အထိန်းတော်တစ်ယောက်လာခေါ်
ပေမဲ့လရိပ်မသိချင်ယောင်ဆောင်ထားလိုက်
သည်၊ရည်စားတွေဖြစ်ရင်ပါးပြင်နုနုလေးကို
အမြတ်တနိုးကိုင်ပြီးနှုတ်ခမ်းနုထွေးထွေးလေးကို
လရိပ်နမ်းချင်ခဲ့တာ၊မန္တလေးမြို့ထဲလရိပ်နဲ့
ခင်ဗျားရဲ့ခြေရာတွေလွှမ်းမိုးသွားအောင်သွား
ချင်ခဲ့တာ၊ခင်ဗျားလက်လေးကိုဆွဲပြီး
ဦးပိန်တံတားအဆုံးထိရောက်အောင်လျှောက်
ချင်ခဲ့တာငယ်ရဲ့၊အရေးမပါဘူးတဲ့လား
ခင်ဗျားရယ်၊အဲ့ဒီအရေးမပါတဲ့ကျုပ်ကခင်ဗျား
ကိုအရမ်းချစ်တာမသိလေရောလား။

ကျုပ်ကိုချစ်နေမယ်လို့ထင်ခဲ့တာ၊ကျုပ်ချစ်သလို
ကျုပ်မြတ်နိုးသလိုခင်ဗျားလည်းဖြစ်နေမယ်ထင်
ခဲ့တာ၊ဒါပေမဲ့အဲ့တာကစိတ်ကူးယဉ်ဇာတ်လမ်း
တစ်ပုဒ်ဖြစ်သွားခဲ့တာလား၊ကျုပ်ကအရေးမပါ
ဘူးတဲ့လား..ခင်ဗျားရက်စက်တက်လိုက်တာ
ငယ်ရယ်။

ရွာကပဒိုင်းသီးလေးများWhere stories live. Discover now