Part-2🖤

1K 85 15
                                    

ဂျီမင်တယောက် ဂျောင်ဂု၏အပြုံးတို့ကြားထဲနစ်မွန်းနေသောကြောင့် ဂျောင်ဂု၏စကားတို့ကိုမကြားမိသည်အထိ..အတော်လေးကိုလည်းဆွဲဆောင်နိုင်သူလေးပါ။

"ဂျီမင်..ဂျီမင်..မိုချီ"

"ဟင်..ဘာ..ဘာလဲ?"

"ငါခေါ်နေတာကိုမကြားဘူးလား..မင်းဘာတွေတွေးနေတာလဲ?"

"ဘာမှ..မဟုတ်ပါဘူး"

"စောနကတည်းကငါ့မျက်နှာကိုစိုက်ကြည့်နေတာ..ဘာလဲ?မျက်နှာမှာတခုခုပေနေလို့လား?"
ပါးစောင်နားကိုကိုင်ရင်းပြောနေသောဂျောင်ဂုကိုကြည့်ရင်းရုတ်တရက်ရှက်သွေးဖြာလာသော ဂျီမင်။

"မိုချီ..မင်းမျက်နှာကဘာလို့နီနေတာလဲ?နေကောင်းရဲ့လား?"

ဂျီမင်၏နဖူးလေးကိုစမ်းကြည့်ရင်းပြောနေသောဂျောင်ဂုတယောက်ကြောင့်ဂျီမင်ရင်ခုန်နှုန်းတွေ​မှာနှလုံးသားတစ်ခုလုံးပေါက်ကွဲလုမတတ်..စိတ်လှုပ်ရှားကာလက်ဖျားခြေဖျားတို့မှာလည်းအေးစက်နေသောသူလေးမင်ငယ်..။

"ရတယ်..ငါနေကောင်းပါတယ်..ဘာမှမဖြစ်ဘူး..မင်းလက်ကြီးသာဖယ်စမ်းပါကွာ"

"မင်း..သေချာရဲ့လား?အပြန်ကျဆေးခန်းသွားမလား?"

"ရားး ငါဘာမှမ​ဖြစ်ပါဘူးဆိုနေ"

"ငါကစိတ်ပူလို့ပြောတာကို..ဘာမှမဖြစ်ရင်လည်းပြီးရော.."

ကျွန်တော်မည်သို့ပင်ပြုမူပြောဆိုနေပါစေ ဂျောင်ဂုတယောက်ကျွန်တော့်အားတကြိမ်တခါမျှစိတ်ဆိုးစိတ်ကောက်ခြင်းမရှိခဲ့ပါ..အော်ဟစ်ပြောဆိုခြင်းမရှိသလို..ရန်ဖြစ်ရအောင်လည်းအစဖော်မရ..ထိုကဲ့သို့စိတ်ရှည်သည်းခံသူပါ..။သို့ပေမဲ့တခုခုမဟုတ်မမှန်ဖြစ်ခဲ့သည်ရှိသော်အနည်းငယ်တော့အဆူခံထိပါသည်..အဆူခံရသည်မှာကျွန်တော်ကောင်းရန်အတွက်သာဖြစ်သည်ဟု ဂျောင်ဂုတယောက်ခဏခဏပြောသည်။မှန်ပါသည်..တခုခုဆိုကျွန်တော့်အားစိတ်ပူဂရုစိုက်ပေးသူမှာ သူငယ်ချင်းထဲတွင် နှစ်ယောက်မရှိ ပထမဆုံးသောသူဖြစ်သည်..။

အချိန်သည်ကား ညနေစောင်းနေဝင်ရီရောအချိန်..အိမ်ပြန်လမ်းမထက်တွင် စက်ဘီးမှောက်ကာချိန်းကြိုးပျက်သွားသောကြောင့်ဒုက္ခရောက်သူမှာ ဂျီမင်လေးဖြစ်သည်..။မရိုးရအောင်တခုမဟုတ်တစ်ခုဖြစ်တတ်သူလေးပါ..။

🖤Domino🖤Where stories live. Discover now