Part-20🖤

721 84 30
                                    


⛔[Jikook Ficပါ]⛔

ဟိုဆော့ ယွန်းဂီ နှင့် ဂျီမင်တို့ သုံးယောက်တစ်ကမ္ဘာတည်နေသကဲ့သို့ ဂျောင်ဂုနှင့် ထယ်ယောင်းမှာလည်း နှစ်ယောက် တစ်ကမ္ဘာလိုပင်..။

ကစားကွင်းထဲတွင် စုံတွဲများအတွက် ပန်းခြံငယ်အသေးစားလေးကဲ့သို့ အထူးပြင်ဆင်ထားခြင်းအား သဘောတွေ့နေသူမှာထယ်ယောင်း..။
သို့သော် သူ၏မျက်နှာချင်းဆိုင်ခုံတွင်ထိုင်နေသော တခြားတစ်ယောက်ဖြစ်သည့်ဂျောင်ဂုကတော့ သဘောကျလှသည်မဟုတ်။

ထိုအရာကိုရိပ်မိသောထယ်ယောင်းမှာ ဂျောင်ဂုအား စကားလမ်းကြောင်းဖောက်နေလေသည်..။သို့ရာ ပြန်ဖြေလာသောသူ၏အဖြေတို့မှာ ဘုနှင့်ဘောက်..။

"ဒီနေရာလေးကလှတယ်နော်.."

"သိပ်လှတယ်လည်းမဟုတ်ပါဘူး.."

"ရေကန်ထဲကကြာပန်းလေးက မပွင့်သေးဘူးနော်.."

"အတုကြီးနေမှာပေါ့.."

"ရေကန်​လေးထဲက ရေတွေကြည်နေတာပဲ.."

"မကြည်ရအောင် နောက်နေရမှာလား?"

အချိန်တိုင်းဖြေဆိုသော မေးခွန်းတို့မှာ သာယာပြေပြစ်မှု့မရှိကြောင်း အဖြေတို့ထဲတွင်ပါဝင်ပြီးသား..။
စိတ်မရှည်သည့်အဆုံး ထယ်ယောင်းတယောက် သူ၏ စကားပြောလေယူလေသိမ်းအသံတို့အပြင် မျက်နှာပိုးတို့မှာလည်း တမျိုးတဖုံပြောင်းလဲသွားလေရဲ့..။
ဂျောင်ဂုက​တော့ ဂရုပင်မစိုက်ခဲ့..။

"ဂျွန်..ထယ့်စကားကိုဘာလို့ ဘုကလန့်တိုက်ပြီးပြန်ဖြေနေရတာလဲ?"

"ဟင်..ဘယ်မှာကိုယ် ဘုကလန့်လုပ်နေလို့လဲ?
ကိုယ်ဖြေနေတာအကုန်လုံးက အမှန်တွေပဲလေ.."

စုပ်တချက်သတ်အပြီး ကော်ဖီရောင်ဆံနွယ်တို့အား လက်တဖက်တည်းဖြင့် စိတ်ရှုပ်နေသဟန် အပေါ်ဘက်သို့ သပ်တင်လိုက်သည်..။

"ကျစ်..
ဂျွန် ကလည်းကွာ.."

"ထယ်..မင်းနဲ့ကိုယ် ဘယ်လိုဆက်ဆံရေးမျိုးလဲဆိုတာမမေ့နဲ့နော်..
အပြောအဆိုတွေ ဆင်ခြင်သင့်တယ်.."

"အပြောအဆိုတွေ ဆင်ခြင်ရအောင် ထယ်ဘာတွေများပြောနေလို့လဲ?..
ကိုယ့်ချစ်သူကို ကိုယ့်ဘာသာ ဂျွန်လို့ခေါ်တာ ဆင်ခြင်စရာလား?"

🖤Domino🖤Where stories live. Discover now