Part-21🖤

877 90 44
                                    


⛔[Jikook Ficပါ]⛔

အပြစ်ကင်းသောမျက်နှာလှလှလေးထက် အကျဥ်းတန်သောမျက်ရည်တို့က နေရာတိုးယူလာတော့ မူးရူးပြီးအမြင်တွေဝေဝါးနေသူလေးက ခေါင်းတွေထိုးကိုက်လာမှု့နဲ့အတူ မတ်တပ်ထရပ်ဖို့ကြိုးစားရာတွေကနေ ပြန်လဲကျသွားသည်..။
သူတခုခုကိုရှင်းပြချင်သည့်ပုံစံတို့ဖြင့် ပူလောင်နေသည့်အနေအထားကလည်း တဖန်ဒဏ်ခတ်နေသည်မို့ သူ့စိတ်တွေမတည်ငြိမ်တော့...အရာရာဟာ အကုန်ဆန့်ကျင်ဘက်တွေဖြစ်ကုန်သည်။

"ဂျောင်ဂု..မင်း..မင်းလုပ်ရက်တယ်..!!"

"ချစ်တယ်လို့ပြောတုန်းကပြောပြီး..
အခုကျထယ်နဲ့ဖြစ်ချင်သလိုတွေဖြစ်နေကြတာလား?!!!"

"အို~မင်ရယ်..
ထယ့်ရဲ့ဂျွန်ကိုအက်လိုတွေမပြောပါနဲ့.."

"မင်းကိုပြောနေတာမဟုတ်ဘူး ကင်ထယ်ယောင်း!!
မင်းဝင်မပါနဲ့!!"

ဒေါသတွေအထွက်လွန်ပြီး မျက်အိမ်ထောင့်တွေနီနေတာများ အနီရောင်တွေတောင်အရှုံးပေးရနိုင်လောက်သည့်အထိ လိုက်လို့မမှီခြင်းပါလား ပတ်ဂျီမင်ရယ်..။

မဲ့ပြုံးပါးပါးလေးတချက် လေးထောင့်ဆန်ဆန်အပြုံးပိုင်ရှင်လေး၏မျက်နှာထက် လစ်ခနဲ ဖြတ်ပြေးသွားတာကိုတော့ မိုချီလေးတယောက် မမြင်သလို..သူ့ရှေ့ရှိ ဂျွန်လည်းမမြင်ခဲ့ပါဘူး။

ချွဲနွှဲ့သလိုအသံမျိုးလေးနဲ့ပြောလိုက်တော့ သွေးတွေဆူနေတဲ့ ဂျီမင်တယောက် ဒီတခါတော့ ဒေါသတို့ကိိုရှေ့တန်းတင်ကာ ထယ်ယောင်း၏အကွက်ထဲသို့ လှပစွာကျဆင်းသွားတာကိုတော့ ဂျီမင်မှမဟုတ် ဂျွန်လည်းမရိပ်မိလိုက်လေခြင်း။

တချို့သောအရာတွေမှာ ပါးနပ်မှု့ဆိုတာရှိရမယ်..ပါးနပ်မှု့သာမရှိရင် အကုန်ဇောက်ထိုးမိုးမျှော်တွေဖြစ်ကုန်မှာသေချာနေပြီမို့ ဒေါသဆိုတဲ့ အရာကြီးကိုရှေ့တန်းမတင်ပဲ ခေါင်းအေးအေးနဲ့ဆုံးဖြတ်တတ်ရင် ဒီလိုပြသာနာတွေ လူအများကြားထဲ ဖြစ်လာမှာမဟုတ်တော့ဘူး။

ဒေါသကိုရှေ့တန်းတင်မိရင် နောက်ဆုံး ပျက်စီးခြင်းလမ်းစတို့က ကြိုဆိုနေတာချည်းပဲ..အကောင်းရယ်လို့တခုမှကိုမရှိတာ။

🖤Domino🖤Where stories live. Discover now