Part-9🖤

907 101 69
                                    

⛔[Jikook Ficပါ]⛔

လွယ်အိတ်တွေထဲမွှေနှောက်ရှာဖွေနေသော်လည်း တလက်လက်တောက်ပနေတဲ့ ငွေဆွဲကြိုးမျှင်လေးကိုတော့ရှာမတွေ့ခဲ့..။ဘယ်နေရာ ဘယ်ဘုံ ဘယ်နန်းမှာများကျကျန်ခဲ့မိပါလိမ့်??

"အိုက်ရား..ချီးပဲ..ဘယ်မှာကျကျန်ခဲ့တာလဲ"

ရှာနေတာကလည်း စုံနေပါပြီ..အိတ်တွေထဲမှာလည်းမတွေ့...ဝင်လာခဲ့တဲ့ လျှောက်လမ်းတစ်လျှောက်မှာလည်းမတွေ့တာနှင့် ပတ်ဂျီမင်တို့တယောက် အပူအပင်တလုံးတခဲကြီးဖြင့်..
ရှာမတွေ့တဲ့အဆုံး ထိုင်ခုံလေးပေါ်မှာထိုင်ချလိုက်ပြီး ရွှေဝါရောင်ဆံနွယ်များကိုလက်နှစ်ဖက်နဲ့ဆုပ်ကိုင်ထားရင်း ခေါင်းကိုသာအောက်သို့ငိုက်စိုက်ချထားလိုက်တော့သည်..။

"မနေ့ကမှရထားတာကိုကွာ.."

ကိုယ့်ကိုကိုယ်လည်းသိပ်နမော်တီနမော်မဲ့နိုင်ပါသည်..ဒီလောက်ဆွဲကြိုးလေးကိုသေချာတောင်မ​စောင့်ရှောက်နိုင်ပဲ ဘယ်လိုလုပ်ကိုယ်ချစ်တဲ့သူတွေကိုစောင့်ရှောက်နိုင်မှာတဲ့လဲ..ကျွန်တော်ကလည်း ကံကိုခေလွန်းသူပါဗျာ..။
နမော်နမဲ့နိုင်တတ်သူမဟုတ်ပါဘူး...သတိအမြဲတစေကပ်ထားရာကနေ မဖြစ်စလောက်ခဏလေးအချိန်တိုအတွင်းမှာ သတိဆိုတဲ့စိတ်တွေခွာချလိုက်ရုံနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကို မလိုလားအပ်တဲ့ ကိစ္စတွေထဲရောက်သွားတတ်သူမို့လို့ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ ကလေးငယ်ရယ်..။ကံကိုသာအပြစ်တင်လိုက်ပါ..။

ကန်တင်းမှာတော့ ယနေ့အစောဆုံးရောက်နေသူကထူးထူးဆန်းဆန်း မင်ယွန်းဂီဖြစ်သည်..။
အစောကြီးရောက်နေမှာပေါ့..ပိုင်ရှင်ဆီကိုပစ္စည်းပြန်ပေးဖို့က သူ၏အသက်သေရေးရှင်ရေးသမျှထက်ပိုအရေးကြီးနေသလို..။
Hyungပေးထားတာဆိုတဲ့စကားလေးတခွန်းကြောင့် ထိုဆွဲကြိုးကို ခုထိတိုင်အောင် ဆုပ်ကိုင်ထားတာပါ..Hyungနေရာမှာ တခြားတစုံတယောက်နာမည် ထွင်းဆိုလိုက်ပါက ဤဆွဲကြိုးယခုချိန်ထိရှိနေတော့မှာမဟုတ်..ချက်ချင်းမျက်စဖျောက်ပစ်လိုက်ပါဦးမည်..။

"ယွန်းဂီ..အစောကြီးရောက်နေပါရောလား.."

"ဒီလိုပါပဲ.."

🖤Domino🖤Where stories live. Discover now