Part-3🖤

818 75 17
                                    

ထိုသို့ဖြင့်ဂျီမင်တယောက်စာသင်ချိန်တွင်လည်းစိတ်ပါဝင်စားခြင်းမရှိ..တဆိတ်ရှိဂျောင်ဂုနှင့်ထယ်ယောင်းတို့ဘက်ကိုသာအကြည့်များကစုပုံကျရောက်သွားသည်..။အချင်းချင်းရယ်မောကာစကားပြောဆိုပုံတို့ကိုကြည့်ရင်းသဝန်တိုစိတ်တို့ထက်ဝမ်းနည်းအားငယ်စိတ်တို့ကသာတစ်ဆတစ်ဆပို၍ကြီးစိုးလာသည်။

"ဂျောင်ဂုကလူတော်တော်များများနဲ့အဲ့လိုအရောတဝင်နေလေ့မရှိပါဘူး..ဘာလို့ထယ်နဲ့ကျမှ..မဟုတ်မှလွဲရော..ထယ့်ကိုကြိုက်နေတာများ...မဟုတ်ဘူးမဟုတ်ဘူး..စိတ်ထိန်းစမ်းပါဂျီမင်ရာ..အခုမှတွေ့တဲ့လူတယောက်ကိုဘာအကြောင်းအရင်းမှမသိသေးပဲချက်ချင်းကြီးဘယ်ကြိုက်ပါ့မလဲ..ဂျောင်ဂုကအဲ့လိုလူစားမျိုးမဟုတ်ပါဘူး..စိတ်ထိန်းစမ်းပါကွာ"

နေ့လည်စာစားချိန်ရောက်သောအခါကန်တင်းသို့သွားကြသောဂျီမင်တို့သူငယ်ချင်းတစ်စု..။

"ဂျောင်ဂု..ငါ စတော်ဘယ်ရီကိတ်သွားယူလိုက်ဦးမယ်"

"အင်း..ခဏဂျီမင်..ထယ်ရော မစားဘူးလား?"

"စားချင်တယ်..ထယ့်အတွက်လည်းတစ်ခုယူလာခဲ့ပေးလို့ရမလား?"

"ဂျီမင်..ထယ့်အတွက်လည်းတစ်ခုယူလာခဲ့ပေးပါလား"

"အင်း..ယူလာခဲ့မယ်လေ"

"ကျေးဇူးနော် မင်.."

"ရပါတယ်ထယ်.."

ထိုသို့ဖြင့် ဂျီမင်တယောက်မုန့်သွားယူချိန်တွင်ဂျောင်ဂုနှင့်ထယ်ယောင်းတို့ကတော့စကားတပြောပြောဖြင့်ထိုင်ခုံတွင်သာကျန်ခဲ့သည်..။

"အန်တီ..စတော်ဘယ်ရီကိတ်နှစ်ခုပေးပါ.."

"သားလေး..စတော်ဘယ်ရီကိတ်ကတစ်ခုပဲရှိတော့တယ်.."

"ဟုတ်လား..?"

ဟုတ်ပါသည်..တစ်စိတ်တည်းသာရှိတော့သောစတော်ဘယ်ရီကိတ်ရယ်ပါ..မလွဲသာသည့်အဆုံး နောက်ဆုံးတစိတ်ကိုသာမပါပါအောင်ယူလာလိုက်တော့သည်..။

"ဟုတ်တယ်သားလေး..တခြားကိတ်တွေတော့ရှိသေးတယ်..သရက်သီးကိတ်တို့..ငှက်ပျောသီးကိတ်တို့.."

"ဟုတ်ရပါပြီ..စတော်ဘယ်ရီကိတ်ပဲပေးပါအန်တီ"

"ဟုတ်ပါပြီကွယ်..ဒီမှာ..ကောင်းကောင်းစားပါ"

🖤Domino🖤Where stories live. Discover now