⛔[Jikook Ficပါ]⛔**ထယ်ကို ငါအရမ်းချစ်တယ်..ဂျီမင်**
**ငါမနောက်ဘူးဂျီမင်..ငါထယ်ကိုတကယ်ချစ်တာ..
ရူးသွပ်အောင်ကိုချစ်မိနေတာ..****ငါ့လိုလူမျိုးက်ိုအော်ရအောင် မင်းကဘာကောင်မို့လ်ို့လဲ ပတ်ဂျီမင်!!?**
**ဟုတ်ပါပြီ ဒီတညတော့ကိုယ်မင်းရဲ့ partner ဖြစ်ပေးရမှာပေါ့..**
**ဒါဆိုကိုယ့်ကိုလိပ်စာပို့လိုက်နော်..ကိုယ်အခုချက်ချင်းလာခဲ့မယ်..**"မသွားပါနဲ့..ဂျောင်ဂု..မသွားပါနဲ့..မသွားနဲ့!!"
အိမ်ရာပေါ်ထက်တွင် ငြင်းဆန်ခြင်းတွေများစွာဖြင့် နိုးထလာသောလူသားလေးတစ်ဦး..
မြန်ဆန်လာသောအသက်ရှုနှုန်းတွေ..
စိုရွဲနေသောချွေးစီးချွေးပေါက်များ..
ပြင်းထန်လာသောနှလုံးခုန်သံတစုံ..
ဝေဝါးလေးလံနေသော အကြည့်များ..
အခန်းငယ်လေးထဲသို့ ထိုးကျသက်ဆင်းလာသောနေရောင်ခြည်ဦးလေးက မနက်ခင်းရောက်ကြောင်းကိုသတိပေးနေသည်..။"ဘယ်လောက်ထိတောင်ဆိုးဝါးလွန်းလို့ အိမ်မက်ထဲထိတောင်လာမက်နေရတာလဲ?"
"ဒါတွေအကုန် အိမ်မက်သာဆိုဘယ်လောက်ကောင်းလိုက်မလဲ..ဟင်းး.."
လက်တွေ့ဘဝထဲ ဖြစ်ပြီးသားအရာတွေကို အိမ်မက်ဖြစ်စေချင်သော်လည်း ဦးထုပ်ထဲမှယုန်ကိုဆွဲထုတ်လာနိုင်သည်တိုင် မျက်လှည့်ဆန်စွာ မဖြစ်လာခဲ့ပေ..။
မျက်နှာသစ် ခြေလက်ဆေးကြောရန် အိမ်ယာမှထလာသော်လည်း မှန်ရှေ့ မြင်တွေ့လိုက်ရသည်မှာက ဖူးယောင်နေသောမျက်ဝန်းတစုံ..။"ကျစ်..ဒီလိုမျက်လုံးမျိုးနဲ့ငါဒီနေ့ကျောင်းကိုဘယ်လိုသွားရမှာလဲ?"
ဖူးယောင်နေပုံများ ညကဘယ်လောက်ထိတောင်ငိုထားမှန်းမှမသိတာကလေးရယ်..။
"Hello..ယွန်းဂီ..ငါဒီနေ့ကျောင်းမလာတော့ဘူး အက်တာငါ့ကိုလာမခေါ်နဲ့တော့...ဘာမှမဖြစ်ဘူး..မဖျားပါဘူး..ငါHyungနဲ့အပြင်သွားစရာရှိလို့..အင်းပါ...ဒါဆိုဒါပဲနော်.."
"ကျောင်းမသွားတာလဲ ကောင်းတာပဲ..ငါလည်းဂျောင်ဂုနဲ့တွေ့ရင်ဘယ်လိုမျက်နှာချင်းဆိုင်ရမှန်းမှမသိတာ.."
YOU ARE READING
🖤Domino🖤
Romanceငါတို့အချစ်ကဒိုမီနိုလိုပဲ..ငါကမင်းကိုချစ်ပေမဲ့မင်းကသူ့ကိုချစ်နေတယ်..။ အချစ်အတွက်ကြောင့်နဲ့ ဗီလိန်ဖြစ်ခဲ့မယ်ဆိုရင် ငါတို့အားလုံးက ဒီဇာတ်လမ်းမှာ ဗီလိန်ပဲ 🖤PJM×JJK×KTH🖤 [Zawgyi] ငါတို့အချစ်ကဒိုမီနိုလိုပဲ..ငါကမင်းကိုချစ်ပေမဲ့မင်းကသူ့ကိုချစ်နေတယ်..။ အခ...