Part-5🖤

846 82 33
                                    


⛔[Jikook Ficပါ]⛔

ကော်ဖီဆိုင်လေးအားအလွန်သဘောကျနေသည်ကို ဂျီမင်မပြောလည်း မျက်နှာရှိအပြုံးတို့ကဖော်ပြနေကြောင်း ဂျောင်ဂုတယောက်ရိပ်မိသောကြောင့် သူ၏အပျော်တို့မပျက်စေရန်သာ အလိုက်ထိုက်နေပေးလိုက်သည်..။
ခဏအကြာလာချပေးသော Coffeeတို့ကလည်း ပုံမှန်သောက်နေကျနှင့်မတူပဲအရောင်ရောအဆင်းပါကွဲပြားခြားနားနေသည်ကိုတွေ့လိုက်ရသည်..။

"လူကြီးမင်းတို့မှာထားတဲ့ကော်ဖီရပါပီခဗျာ.."

"ဒါက..."

ဂျောင်ဂုတယောက် ချထားသော ကော်ဖီကိုကြည့်လို့မဆုံးသေး ဂျီမင်ဆီမှထွက်ဆိုလာသောစကားကြောင့် အကြည့်များက Waiterကောင်လေးဆီကိုကျရောက်သွားသည်..။

"ရပ်ခ်!!ခါးလိုက်တာ..ဒီဆိုင်ကအမေရိကာနိုကဒီလိုပဲခါးတာလား?"

ထိုအခါဂျောင်ကြီးတယောက်သောက်ကြည့်လိုက်ချိန်တွင် အရသာပါထူးခြားနေသည်ကိုတွေ့လိုက်ရသည်..။

"ဘလက် ကော်ဖီကဘာလို့သောက်နေကျအရသာနဲ့မတူရတာလဲ?"

"Customersတို့က အမေရိကာနိုနဲ့ ဘလက်ကော်ဖီဆိုတော့ ကျွန်တော်က ရောလိုက်တာပါ.."

"ဒါဆို ဒီCoffeeက အမေရိကာနိုနဲ့ဘလက်ကော်ဖီကို ရောဖျော်ထားတာလား?!"

"ဟုတ်..ဟုတ်ပါတယ်..ဟို..ကျွန်တော်ကအခုမှဖျော်ဖူးတာဆိုတော့လေ..ကော်ဖီတွေအကြောင်းလည်းသိပ်မသိသေးလို့ပါ.."

"ကော်ဖီအကြောင်းမသိပဲ Coffeeဆိုင်မှာဘာလို့လာလုပ်နေသေးတာလဲ?!"

"ဟို..တောင်းပန်ပါတယ်ခဗျာ..ကျွန်တော်တကယ်တောင်းပန်ပါတယ်.."

ဂျောင်ဂု၏လေသံတို့မှာ ဒေါသသံအနည်းငယ်ပေါက်နေသောကြောင့် ဂျီမင်တယောက်ကြားထဲမှဖြေရှင်းလိုက်ရသည်..တော်ကြာဂျောင်ဂုပြသာနာရှာနေမှ ထိုWaiterကောင်လေးအလကားနေရင်းအလုပ်ပြုတ်သွားမှဖြင့်..။

"ဒါဆို ဒီCoffeeက ဘလက်ကာနိုကော်ဖီပေါ့..မီနူးအသစ်ပေါ့နော်.."

"အာ..ဟုတ်...ဟို Customersတို့မကြိုက်ရင် ကျွန်တော်အသစ်ပြန်လုပ်ပေးပါ့မယ်.."

"ရတယ်..မလိုဘူး..သောက်လို့ကောင်းနေတာပဲဟာကို..အလကားအလုပ်ရှုပ်မခံပါနဲ့.."

🖤Domino🖤Where stories live. Discover now