Part-23🖤

858 84 42
                                    

⛔[Jikook Ficပါ]⛔

မှိုင်ထွေထွေမျက်နှာထားမှ အပြုံးမျက်နှာအဖြစ်ပြောင်းလဲသွားသော ဂျောင်ဂုသည်မှာလည်း စောနကရုပ်ကိုမှအားမနာ...ဂျီမင်လေးဆိုတဲ့လူသားလေးကိုယ်တိုင်ကိုက သူ့အတွက်ပျော်ရွင်မှု့ဆိုသည်မှာ ဖြစ်တည်လာခဲ့သည်..။

ကံအကြောင်းဖန်လို့ ကြမ္မာဆိုးကြီးထဲနစ်မွန်းသွားခဲ့တဲ့ည..
ထိုညမှဖြစ်ပျက်သွားခဲ့သော အကြောင်းအရာတွေကြောင့် မင်လေးတယောက် ရိုးသားခြင်းနှင့်ဖြူစင်ခြင်းတို့ လှလှပပ အရောင်ဆိုးခံလိုက်ရသကဲ့သို့ ယုံကြည်မှု့ဆိုသောအရာကြီးမှာလည်း ထိုနည်း၎င်းတူ လှလှပပသေဆုံးသွားခဲ့လေသည်..။
ပိိုဆိုးတာတခုက အချစ်ဆိုသည့်အရာကို ဂျီမင်လေး၏ မည်သည့်နေရာမှာမှ မတွေ့ရခြင်းပင်..။

အလိုမကျသလို မျက်နှာထားလေးသည် ရုတ်တရက်ဆိုသလို မျက်မှောင်တချက်ကြုတ်သွားလေသည်..။
မင်ငယ်လေးကို မျက်မှောင်ကြုတ်သွားအောင် လုပ်တဲ့တရားခံကဘယ်သူဖြစ်နိုင်မလဲ??

ဂျွန်ရဲ့ တတ်တူးတွေအပြည့်နဲ့လက်တစုံက အဓိက တရားခံပေါ့..။
ရုတ်ချည်းဆန်စွာ ထိုလက်တစုံသည် လက်သေးသေးလေး၏ လက်ခုပ်ထဲသို့ ရောက်ရှိသွားလေသည်...။

"လက်က ဘယ်လိုဖြစ်တာလဲ?
ဒဏ်ရာတွေရော..ဘယ်လိုရလာတာလဲ?"

အတတ်နိုင်ဆုံးမစိုးရိမ်ရန် ဟန်ဆောင်နေသော်လည်း စိတ်တွေ အမှောင်ခြမ်း၏
ကြီးစိုးခြင်းမခံရသေးသည့်အထိ သူဟန်ဆောင်ခြင်းတွေ သိပ်မကျွမ်းကျင်တော့ပါ..။
ထိုအရာကိုကြည့်ရင်း ကြိတ်ပြုံးနေသူကတော့ ဂျွန်ငယ်လေးပေါ့..။

"ဆေးတွေရော..ထည့်ရဲ့လား?"

"ဟင့်အင်း.."

လက်ဖမိုးတွင် ဟက်တတ်ကွဲဒဏ်ရာကြီးနှင့် လက်အချိုးအဆစ်နေရာတို့တွင်လည်း ပွန်းပဲ့ဒဏ်ရာတို့က အနှံ့အပြားနေရာယူထားသည်မှာ ကြည့်လိုက်တိုင်း အကျည်းတန်စေပါသည်..။

"ရန်ဖြစ်လာတာလား?"

"ခိုက်မိတာ.."

လက်၏ဒဏ်ရာကိစ္စ..
ဂျောင်ဂုမုသားတွေ ဆိုလိုက်တာပါ..။

"ခိုက်မိတယ်ဆိုရင်လည်း ဒီလောက်ထိ ဒဏ်ရာကကြီးမနေဘူးလေ.."

လေသံတို့က တဖြည်းဖြည်းမာကျောလာကာ စိတ်ပူခြင်းအဆင့်သို့တတ်လာတော့ ကိုယ် ကိုယ်တိုင်သတိထားမိသောကြောင့် အတတ်နိုင်ဆုံး စိတ်တွေ ပြန်လျော့လိုက်သည်..။
ဘာမှမဖြစ်သလို စိတ်မပူသလို ပုံစံဆိုဒ်မျိုးကို ချက်ချင်းပြန်ဖမ်းနိုင်သည်မှာလည်း ခက်ခဲလှသည်မဟုတ်..
သို့သော် သူ၏နှလုံးသားတစုံမှာတော့ ထိုကဲ့သို့ဟန်ဆောင်ခြင်းလေးကို လုပ်ဆောင်ဖို့ရာ အလွန်ခက်ခဲနေသည်..။

🖤Domino🖤Where stories live. Discover now