⛔[Jikook Ficပါ]⛔
Coffeeရောင်ဆံနွယ်နှင့် လေးထောင့်ဆန်စွာလှပတဲ့အပြုံးလေးတခုကိုပန်ဆင်ရင်း စကားဆိုလိုက်သောသူကြောင့် ဂျီမင်အနည်းငယ်မျက်နှာလေးပျက်သွားသည်..။
သို့သော်လည်း သူ၏ခံစားချက်တို့မည်သို့ပုံစံပျက်ယွင်းသွားသည်ကို အများမရိပ်မိအောင်ဟန်ဆောင်ကောင်းလွန်းလှသူမလား??
ကြာတော့လည်းဟန်ဆောင်တာတွေနဲ့အတော်တောင်ရင်းနှီးကျွမ်းဝင် အသားကျနေရောပေါ့..။"အော် မင်လည်းရောက်နေတာလား?"
တောက်ပတဲ့မျက်ဝန်းလေးတွေနဲ့ဆိုလာတော့ ကိုယ့်ဘက်ကလည်းဟန်မပျက် တောက်ပတဲ့အပြုံးတွေနဲ့ ပြန်လည်ဖြေဆိုလိုက်ပါတယ်..။
"အင်း.."
"ကိုယ်ခေါ်လာတာလေထယ်..ကိုယ်တို့ရဲ့အိမ်ကိုလည်းသိရအောင်လို့လေ.."
အမလေး..အမလေး..
ဘယ်လိုတွေတောင်ပြောရက်ရတာလဲဂျောင်ဂုရယ်?ကိုယ်တို့ရဲ့အိမ်တဲ့လား?မသိရင်သူနဲ့ထယ်တို့အတူတူနေတာကြနေတာပဲ..။
ကြားလိုက်ရတဲ့စကားတွေက နားဝင်မချိုလိုက်တာ...ဂျွန်ရယ်..။"အော်..ဟုတ်သားပဲ.."
"ကဲသားတို့ထိုင်ကြလေ..ညစာစားကြမယ်..သားလေးထယ်လည်းထိုင်လေ"
"ဟုတ်ကဲ့ပါ အမေ.."
ဂျောင်ဂုရဲ့အမေနှင့်အဖေတို့မှာအလွန်ဖော်ရွေလွန်းသူတွေဖြစ်ကြသည်..တောက်ပတဲ့အပြုံးတွေကိုပန်းတပွင့်ကဲ့သို့မျက်နှာထက်တွင်လွယ်လင့်တကူဆင်မြန်းထားသည်ကိုကြည့်ခြင်းအားဖြင့် မာနကြီးသူတွေမဟုတ်ကြောင်း ထိုအပြုံးတွေက သက်သေပြနေသည်..။
"သားဂျီမင်..ထမင်းလည်းသိပ်မစားပါလား..ဘာလို့လဲ?စားမကောင်းလို့လား?"
အန်တီကဖော်ရွေပြူငှာစွာမေးလာသောကြောင့် ကျွန်တော့်ဘက်ကလည်းမရိပ်မိစေရအောင်ဆင်ခြေဆင်လက်တွေပေးဖို့ကအသင့် ဦးနှောက်ထဲတွင် Runနေရပြန်သည်..။
"မဟုတ်ပါဘူးအန်တီ..စားကောင်းပါတယ်..အိမ်မှာလည်းညစာစားလာပီးသားဆိုတော့..ဗိုက်တင်းနေလို့ပါ.."
"အော်..ဒါတောင်သားဂျောင်ဂုကိုအချိန်မီအစောကြီးသွားခေါ်ခိုင်းလိုက်တာ.."
YOU ARE READING
🖤Domino🖤
Romanceငါတို့အချစ်ကဒိုမီနိုလိုပဲ..ငါကမင်းကိုချစ်ပေမဲ့မင်းကသူ့ကိုချစ်နေတယ်..။ အချစ်အတွက်ကြောင့်နဲ့ ဗီလိန်ဖြစ်ခဲ့မယ်ဆိုရင် ငါတို့အားလုံးက ဒီဇာတ်လမ်းမှာ ဗီလိန်ပဲ 🖤PJM×JJK×KTH🖤 [Zawgyi] ငါတို့အချစ်ကဒိုမီနိုလိုပဲ..ငါကမင်းကိုချစ်ပေမဲ့မင်းကသူ့ကိုချစ်နေတယ်..။ အခ...