⛔[Jikook Ficပါ]⛔
သိရဲ့လား..??
ကျွန်တော်တို့သတိသာမထားမိတာ ကံကြမ္မာမှာလည်း မာယာများမှုတွေကရှိလေရဲ့..ကျွန်တော်တော့ အဲ့မာယာတွေထဲကျရှုံးသွားပြီထင်ပါတယ်ဗျာ..မကောင်းဘူး ကံကြမ္မာဆိုတဲ့ ဒြပ်မဲ့ဖြစ်စဥ်က..။ကျွန်တော့်အပေါ်နည်းနည်းလေးမှတောင်မကောင်းခဲ့ဘူး..။"ထယ်ကို ငါအရမ်းချစ်တယ်..ဂျီမင်"
မဖြစ်နိုင်ဘူး..ဒါတကယ်လို့မပြောလိုက်ပါနဲ့..အိမ်မက်နေမှာပါ..အိမ်မက်ဆိုးတစ်ခု..ဟုတ်တယ်..ဒါပေမဲ့ အမှန်က ထာဝရနိုးမထလာနိုင်တော့မဲ့ အိမ်မက်ဆိုးတစ်ခုဖြစ်နေတယ်ဗျာ..
ကျွန်တော်ရင်တွေကျိုးရချည်ရဲ့..နှလုံးသားတစုံလည်း ရစရာမရှိအောင်ကို ကြေမွသွားလေပြီ..အခုတော့ရင်ခုန်သံတွေက ဒီရင်ခွင်ကိုအပြင်းအထန်ခြေစုန်ကန်နေလေရဲ့..ထွက်ပြေးချင်လို့နေမှာပေါ့..နာကျင်မှု့ကိုမခံနိုင်တော့လို့ အဝေးကို ထွက်ပြေးဖို့ကြိုးစားနေတာနဲ့တူတယ်..တောင်းပန်ပါတယ် ရင်ခုန်သံဆိုတဲ့မင်းနဲ့ နှလုံးသားတစုံဆိုတဲ့မင်းကို..လွတ်လပ်ခွင့်မပေးနိုင်လို့..။"ဂျောင်ဂု..မင်း..ဒါနောက်နေတာလား?"
"ငါမနောက်ဘူးဂျီမင်..ငါထယ်ကိုတကယ်ချစ်တာ..
ရူးသွပ်အောင်ကိုချစ်မိနေတာ..ငါ..""တော်တော့!!!"
ထပ်မကြားချင်ဘူး အက်စစ်လိုအန္တရာယ်များတဲ့စူးရှရှစကားလုံးတွေကို..
ကိုယ်ချစ်တဲ့သူရဲ့ နှုတ်ခမ်းတွေကနေ ကိုယ့်တယောက်နာမည်ကလွဲလို့တခြားသူရဲ့ နာမ်စားကိုတပ်ပြီး ချစ်တယ်လို့ပြောတာကိုမကြားချင်ဆုံးပဲ...။
ကိုယ်တိုင်တောင်မသိလိုက်ပဲ စိတ်လွတ်လက်လွတ်ဖြစ်သွားကာ အော်မိလိုက်လေသူက ကျွန်တော်ပါ..။
ဒေါသတွေလည်းထွက် ဝမ်းနည်းစိတ်တွေကဝင် Depressionတွေကလည်းထိုးနှက် အားငယ်စိတ်တွေကလည်းဖိနှိပ်နှင့် ဒီနှလုံးသားနဲ့လူသားလေးလည်း တကိုယ်လုံးရစရာကိုမရှိတော့ပါဘူး..။တဖက်တခြမ်းကနေ အမျိုးမျိုးသောရသမျိုးစုံကိုတခါတည်းခံစားနေရတာကြောင့် စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားကာ အော်မိသွားတဲ့အထိ..။ဂျောင်ဂု လို့အမည်တပ်လိုက်တာနဲ့ အော်ဖို့နေသာသာ ယောင်လို့တောင် အသံလေးကျယ်သွားခြင်းမရှိခဲ့...အသံလေးကျယ်သွားရင်တောင် အမြဲတစေ တောင်းပန်တတ်သူလေးက အခုတော့ရဲရဲတင်းတင်းအော်လ်ိုက်တာကြောင့် ဂျောင်ဂုတယောက် မျက်လုံးအဝိုင်းသားဖြင့် ထူးဆန်းစွာ ဂျီမင်အား ကြည့်နေလေရဲ့..။
KAMU SEDANG MEMBACA
🖤Domino🖤
Romansaငါတို့အချစ်ကဒိုမီနိုလိုပဲ..ငါကမင်းကိုချစ်ပေမဲ့မင်းကသူ့ကိုချစ်နေတယ်..။ အချစ်အတွက်ကြောင့်နဲ့ ဗီလိန်ဖြစ်ခဲ့မယ်ဆိုရင် ငါတို့အားလုံးက ဒီဇာတ်လမ်းမှာ ဗီလိန်ပဲ 🖤PJM×JJK×KTH🖤 [Zawgyi] ငါတို့အချစ်ကဒိုမီနိုလိုပဲ..ငါကမင်းကိုချစ်ပေမဲ့မင်းကသူ့ကိုချစ်နေတယ်..။ အခ...