Part-12🖤

841 102 46
                                    

⛔[Jikook Ficပါ]⛔

ကားမှတ်တိုင်တွင် အချိန်အတန်ကြာသည်အထိစောင့်ဆိုင်းနေသော်လည်း မည်သည့်ကားတစ်စီးတစ်လေမျှရောက်လာခဲ့ခြင်းမရှိ..မိုးသာမက လေပြင်းတို့ကပါ တိုက်ခတ်လာခြင်း​ကြောင့် အဝတ်ပါးလေးဝတ်လာသော မင်လေးတယောက်အတွက် အချမ်းဓာတ်တို့မှာပို၍တိုးလာတော့သည်..။

"ချမ်းလိုက်တာ..ဟူး.."

လက်လေးနှစ်ဖက်ပွတ်ကာ အာငွေ့ဓာတ်ပေးနေသောပုံလေးကလည်း မိုးရာသီ၏အဖော်ဖြစ်သော လေပြင်းတို့ကြောင့် အတော်လေးချမ်းနေကြောင်းကို ဖော်ပြနေပြန်သည်..။
ထိုအရာတွေကို မြင်လိုက်ရသော တစ်စုံတစ်ယောက်သည်မှာ မီးခိုးရောင်ကားလေးအားမောင်းနှင်လာသောကားပိုင်ရှင် မင်ယွန်းဂီ..။

"ဂျီ လား..မှတ်တိုင်မှာလည်းတစ်ယောက်ထဲ"

ကားကို မှတ်တိုင်ရှေ့တည့်တည့်တွင်ဘရိတ်အုပ်ပြီးနောက် ကားထဲမှထွက်ကာမင်ငယ်ဆီသို့သွားလိုက်သော ယွန်းဂီ..။

"ဂျီ.."

"ဟင်..ဘယ်သူ..ယွန်းဂီလား?"

"ဟုတ်တယ်ဂျီ..ကိုယ်ပါ..ဂျီ ဒီကိုဘယ်လိုလုပ်ပြီး?"

"အိမ်ကို..လိုက်ပို့ပေးပါလား?"

"အင်း..လာ..ကိုယ်လိုက်ပို့ပေးမယ်..
ဖြည်းဖြည်းထ.."

ဂရုတစ်ိုက်ပန်းပွင့်ချပ်လေးလိုမျိုးနူးနူးညံ့ညံ့ကိုင်တွယ်နေသောယွန်းဂီမှာလည်း မြတ်နိုးရသောသူလေးထိခိုက်နာကျင်မည့်အဖြစ်ကို မလ်ိုလားအပ်သောသူဖြစ်သည်..။

ကားဆိုဖာခုံကိုမှီရင်း မသိမသာကျဆင်းလာသောမျက်ရည်စီး​ကြောင်းလေးသည် ကားမှန်အပြင်ဘက်ရှိ ပတ်ဝန်းကျင်အနေအထားတို့ကို စိတ်မပါလက်မပါကြည့်နေသော ဂျီမင်လေးထံမှဖြစ်သည်..။

မျှော်လင့်နေခဲ့တာ..လိုက်လာမလားဆိုတဲ့မသိစိတ်လေးတခုကြောင့်နဲ့..
အပြင်ဘက်မျက်နှာစာဘက်မှာ နေနိုင်သူလို့ထင်မြင်နိုင်ပေမဲ့ အတွင်းထဲခိုအောင်းနေတဲ့နှလုံးသားတစ်စုံကတော့ အမြဲတမ်းတမ်းတနေခဲ့တာပါ....။
နွေးထွေးပေးတယ်..ဂရုစိုက်ပေးတယ်..အနစ်နာခံပေးတယ်..အဲ့လိုအရာတွေမျိုး မင်ယွန်းဂီလောက် တခုမှအပြည့်အဝမပေးနိုင်ရင်တောင် အနည်းဆုံးကိုယ့်ကိုစိတ်ပူပေးတဲ့စိတ်နဲ့တင် ပျော်နေပါပြီ..။
ဒါပေမဲ့လည်း အခုကျွန်တော်ကအပယ်ခံမလား??

🖤Domino🖤Where stories live. Discover now