⛔[Jikook Ficပါ]⛔
မိနစ်ပိုင်းခဏအကြာအထိ သန့်စင်ခန်းထဲမှထွက်မလာသေးသော ကောင်ငယ်လေးကိုစိတ်ပူသောကြောင့် တီရှပ်တစ်ထည်အာကောက်ဝတ်လိုက်ကာ တံခါးခေါက်၍အော်ခေါ်လိုက်တော့ ပြန်ထူးလာလေသူလေး..။
"မိုချီ..မိုချီ!!"
"ခဏလေး..ငါထွက်လာခဲ့မယ်.."
"အင်းပါ..မင်းကြာနေလို့ လှမ်းခေါ်ကြည့်တာ.."
"ကျွီ...."(တံခါးဖွင့်သံပါသဲတို့😁)
တံခါးဖွင့် ဖွင့်ချင်းမြင်တွေ့လိုက်ရသော မင်ငယ်လေး၏ မျက်နှာတွင် ရေစက်တို့ကနေရာယူထားသောကြောင့်မျက်နှာသစ်ခြေလက်သန့်စင်စေပြီးခဲ့မှန်းသိလိုက်ရသည်..။
"ရော့..သဘက်..ရေတွေသုတ်လိုက်ဦး.."
သဘက်တထည်အားပေးလိုက်တော့ ထိုကြည်လင်နေသောရေစက်တို့ကိုသုတ်စေလိုက်တော့ မျက်လုံးလေးများနီနေသည်ကိုသတိထားမိသွားသောဂျောင်ဂု။
"မိုချီ..မင်းမျက်လုံးတွေနီနေပါ့လား..
ဘာဖြစ်တာလဲ?"မျက်မှောင်တချက်ကြုတ်သွားရင်းစိုးရိမ်တကြီးနှင့် မေးလာသောဂျောင်ဂုမှာလည်း မသိရင်ပင် ရန်ထဖြစ်တော့မည့်ပုံစံ။
သူစိုးရိမ်တာကြီးကလည်း ကြောက်စရာကောင်းသား..။"ငါ..မျက်နှာသစ်တာ..မျက်လုံးထဲဆပ်ပြာနဲနဲဝင်သွားလို့"
အမှန်တကယ်ဆို ငိုခဲ့တာပါလို့ပြောရင်ရော..ယုံမလားဟင်?
"အော်..မင်းကသတိထားလေ..
ကလေးလည်းမဟုတ်တော့ဘူး..""အေးပါကွာ..ငါသိပါတယ်..
ဒါနဲ့ ငါသွားပွတ်တံ ခရမ်းရောင်ကိုယူသုံးလိုက်တယ်..ရတယ်မလား?""ရပါတယ်..ငါလည်းခရမ်းသုံးတာပဲလေ"
"အာ..တကယ်လား..
ငါမသိလို့ပါကွာ..မင်းကအပြာရောင်သွားပွတ်တံသုံးတယ်ထင်လို့ အက်တာနဲ့ ငါကခရမ်းရောင်ယူသုံးလိုက်တာ..
မီးရားနဲ.."ခေါင်းလေးငုံ့သွား၍ ဂုတ်ပိုးလေးအား လက်ဖြင့်ပွတ်ကာ တောင်းပန်စကားပြောနေသောကောင်လေးကလည်း အမှန်တကယ်ပင် အားနာနေသည့်ပုံ..။
YOU ARE READING
🖤Domino🖤
Romanceငါတို့အချစ်ကဒိုမီနိုလိုပဲ..ငါကမင်းကိုချစ်ပေမဲ့မင်းကသူ့ကိုချစ်နေတယ်..။ အချစ်အတွက်ကြောင့်နဲ့ ဗီလိန်ဖြစ်ခဲ့မယ်ဆိုရင် ငါတို့အားလုံးက ဒီဇာတ်လမ်းမှာ ဗီလိန်ပဲ 🖤PJM×JJK×KTH🖤 [Zawgyi] ငါတို့အချစ်ကဒိုမီနိုလိုပဲ..ငါကမင်းကိုချစ်ပေမဲ့မင်းကသူ့ကိုချစ်နေတယ်..။ အခ...