⛔[Jikook Ficပါ]⛔
24 hours Hospital ဆိုသည့် ဆိုင်းပုဒ်ကြီးမှာ အထပ်ပေါင်းမြောက်မြားစွာတို့ဖြင့်တည်ဆောက်ထားသော ဆေးရုံကြီး၏ အထက်စီးမျက်နှာစာ၌ တဝင်းဝင်းဖြင့်လင်းနေဆဲ..။
လူကြီးလူငယ်မရွေး ဝင်ထွက်သွားလာတတ်ရောက်နေသော ဆေးရုံဖြစ်သော်လည်း ငွေရှိကြေးရှိ လူ့ချမ်းသာအသိုင်းအဝိုင်းမှလူများသာ တတ်ရောက်လေ့ရှိသည့် ဆေးရုံတစ်ရုံဖြစ်ကြောင်း..။
ပုံမှန်ဆို အပြင်ဆေးခန်းလေးတွေပဲ ဝင်ပြနေသောသူက..ဘယ်လိုအခြေအနေကြောင့် ထိုဆေးရုံသို့သွားရောက် ပြသနေရခြင်းလဲ?
သက်ပြင်းလေးချကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ဆေးရုံထဲသို့စတင်၍ ပထမဆုံးခြေလှမ်း စတင်လှမ်းလိုက်သောသူ..။
ဖိတင်းထားသောစိတ်အလုံးစုံကို လျော့ချနေပေမဲ့လို့ စိုးရိမ်စိတ်တို့က ဟိုဟိုဒီဒီဝင်နှောက်နေဆဲ..။ဓာတ်လှေကားထဲသို့ ဝင်ရောက်လိုက်ကာ နံပါတ် 13ကိုနှိပ်လိုက်၍ သွားလိုသည့်နေရာသို့ ရောက်ရှိရန် ရင်တထိတ်ထိတ်ဖြင့် စောင့်နေသူ..။
အထပ် 13အရောက်တွင်ပွင့်လာသော တံခါးလေးနှင့်အတူ လွယ်အိတ်ကိုဘေးတစောင်းလွယ်ထားရင်း K ဆိုသော Keychainလေးမှာလည်း အထင်းသားမြင်တွေ့နေရသည်..။မျက်မြင်တွင် ပေါ့ပါးသွက်လက်သောခြေလှမ်းများဟု ထင်နေရသော်လည်း လေးလံနေသောခြေလှမ်းတွေဟု စိတ်ထဲတွေးထင်ချင်စရာ သိပ်ကောင်းလှပါသည်..။
အခန်းတခန်းအရှေ့အရောက် ရပ်တန့်သွားသောကောင်ငယ်လေးတစ်ဦး..။အခန်းတံခါးခေါက်ဖို့ရန် ဝန်လေးနေသည့်ဟန်ကို ဆောင်ယူနေသော လက်သေးသေးလေးများ..။
စက္ကန့်ပိုင်းခြားအထိ အခန်းအပေါက်ဝအရှေ့တည့်တည့်၌ တွေဝေမိန်းမောသူလေးက ခေါင်းကိုမော်ကြွား၍ ဤတခါတော့ တုံ့ဆိုင်းခြင်းဆိုသည်မှာမရှိ.. ရဲရဲတင်းတင်း တံခါးခေါက်လိုက်တော့သည်..။'ဒေါက်..ဒေါက်..'
"ဝင်လာပါ.."
အထဲမှ ဝင်လာရန် ခွင့်ပြုချက်ရလိုက်သောကြောင့် ဝတ်ဆင်ထားသော အင်္ကျီတို့ကို သေသေချာချာလေး ပြင်ဆင်လိုက်ကာမှ အခန်းတံခါးလေးအား အသာအယာဖွင့်လိုက်သည်..။

ESTÁS LEYENDO
🖤Domino🖤
Romanceငါတို့အချစ်ကဒိုမီနိုလိုပဲ..ငါကမင်းကိုချစ်ပေမဲ့မင်းကသူ့ကိုချစ်နေတယ်..။ အချစ်အတွက်ကြောင့်နဲ့ ဗီလိန်ဖြစ်ခဲ့မယ်ဆိုရင် ငါတို့အားလုံးက ဒီဇာတ်လမ်းမှာ ဗီလိန်ပဲ 🖤PJM×JJK×KTH🖤 [Zawgyi] ငါတို့အချစ်ကဒိုမီနိုလိုပဲ..ငါကမင်းကိုချစ်ပေမဲ့မင်းကသူ့ကိုချစ်နေတယ်..။ အခ...