Part-18🖤

939 109 39
                                    

⛔[Jikook Ficပါ]⛔

မနက်ခင်း၏စိန်ခေါ်ခြင်း အစ...သူရိန်နေမင်း၏ ရောင်ခြည်များဖြစ်သည်..။

"ဟိုဘီ..မင်းဒီနေ့တော့နားလိုက်ဦး.."

"မရဘူး..ငါလည်းသွားမယ်..လေ့ကျင့်ရဦးမယ်လေ.."

"ဟိုဆော့..ဒီလိုပုံစံမျိုးနဲ့ မင်းဘယ်လိုအက လေ့ကျင့်မှာလဲ?"

"ဂျောင်ဂု..မင်းကလေ.."

ဝှီးချဲတလုံးဖြင့် ဟိုဆော့မှာလည်း ဇွဲလျော့ခြင်းဆိုသည်မှာ တစက်ကလေးတောင်မရှိခဲ့..။
ကျွန်တော် လေ့ကျင့်လို့မရဘူးဆိုတာတော့သိတာပေါ့..ဒါပေမဲ့ဗျာ ဂျီမင်တယောက်ထဲ ဝန်ပိုတွေထမ်းပြီး ပင်ပန်းနေမှာကိုကျွန်တော် မလိုလားလို့ပါ..။

"ဂျောင်ဂု ပြောတာလည်းဟုတ်သားပဲ..
ဒီနေ့တော့နားလိုက်ပါ..မနက်ဖြန်မှလာရင်လာပေါ့.."

"မနက်ဖြန် ပြိုင်ပွဲရက်ဖြစ်နေပြီလေ..ဂျီမင်"

"အင်းလေ..တမင်သက်သက် မနက်ဖြန်မှ မင်းကိုလာခိုင်းတာ..မနက်ဖြန်တော့ လာဖြစ်အောင်ကိုလာရမယ်နော်..
အဲ့တာမှငါလည်းပြိုင်ရတာ အားရှိမှာပေါ့"

အပြုံးရေးရေးလေးဖြင့် ပြောဆိုလာသော ဂျီမင်မှာလည်း ရင်ထဲမှ တကယ်လိုလားအပ်သော စေတနာပင်​ဖြစ်သည်..။
ထိုသူလေးရဲ့ စိတ်ရင်းစေတနာတွေကိုတော့ ဟိုဆော့တ​ယောက်ငြင်းရက်ပါ့မလား??

"အင်း..
မနက်ဖြန်ကျ ငါလာခဲ့ပါ့မယ်..ပြီးတော့.."

"တောင်းပန်ပါတယ်နော် ဂျီမင်..
ငါဆိုတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုကိုပါသယ်ဆောင်နေရလို့..ငါသာနည်းနည်းဂရုစိုက်ခဲ့မယ်ဆိုရင်..."

"ရှူး...ရပါတယ်ဟိုဘီရာ..
ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးပြီပဲ..ဘာမှထပ်ပြီး နောက်ကြောင်းပြန်စရာမလိုတော့ဘူးနော်.."

"ကျေးဇူးပါပဲ ဂျီမင်.."

"ကဲ..ကျောင်းသွားဖို့အချိန်လည်းနီးလာပြီ..ဟိုဆော့..ငါတို့သွားပြီနော်.."

"အင်းအင်း ဂျောင်ဂု..ကောင်းကောင်းသွားကြနော်.."

"အင်း.."

ဝှီးချဲတလုံးဖြင့် ကောင်ငယ်လေးမှာလည်း အိမ်ပြတင်းပေါက်မှတဆင့် လှမ်းမျှော်ရုံမှတပါး အကူအညီမပေးနိုင်ခဲ့...။

🖤Domino🖤Where stories live. Discover now