⛔[Jikook Ficပါ]⛔
"မပြန်ရဘူး.."
"ဟက်!!"
အသက်အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် မရမကတားဆီးနေသည့် ယွန်းဂီအတွက် မဲနယ်ရောင်လေးထံမှ လှောင်ပြုံးတခု လက်ဆောင်မွန်အဖြစ်ပေးအပ်ခြင်း ခံလိုက်ရသည်..။
"ဒါကမင်းဆေးရုံဆိုပြီးတော့ ငါ့ကိုလာအမိန့်ပေးနေတာလား?"
ပြောဆိုရင်း ကုတင်ပေါ်မှဆင်းလိုက်ကာ မတ်တပ်ရပ်လိုက်တော့ ခေါင်းအစမူးမိုက်သွားခြင်းတို့က ခဏတာဝှေ့ခနဲဖြင့် ခြေထောက်တို့ အနည်းငယ်ယိုင်နဲ့သွားလေသည်..။
ကူပေးဖို့ရန် အနားသို့ရောက်လာသော ယွန်းဂီအား လက်တဖက်ကာပြ၍ တားလိုက်သောကြောင့် ဂျီမင်၏အမိန့်မှန်သမျှ နာခံတတ်သောယွန်းဂီမှာလည်း ရောက်လေရာအရပ်မှ အော်တိုရပ်တန့်မိသွားသည်..။
မာနကြီးကြီးဖြင့် ရေခဲမင်းသားလို့ ရာဇဝင်မှာမိုက်လွန်းတဲ့သူက အခုကျတော့ ပတ်ဂျီမင်လက်ထဲက ရွံ့ရုပ်လေးတရုပ်လိုပဲ အလွယ်တကူကျိုးပဲ့ကြွေလွယ်သည်မို့ အများအမြင်မှာတော့ သူက ခနဲ့စရာ..။ဒါဘာအရေးလဲ??
သူဂရုမစိုက်ခဲ့...ဂျီမင်သာပျော်ရွင်ရင် ကြိုက်ရာစေခိုင်း ပျော်ပျော်ကြီးကိုအနစ်နာခံပီး လုပ်ဆောင်ပေးမှာမို့ သူဟာအနစ်နာခံနိုင်သူကြီးပါ..။"ဒီလိုပုံစံနဲ့ အိမ်ကိုပြန်လို့မဖြစ်ဘူး ဂျီ..
သွားလာနေရင်း လမ်းမှာတခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?"မိုက်ခနဲ ဖြစ်သွားသောခေါင်းကိုလက်တဖက်ဖြင့်ဖိထားရင်း မူးဝေနေရတဲ့ကြားထဲ ယွန်းဂီ၏စကားသံတို့က မဲနယ်ရောင်လေး၏စိတ်တို့ကို ဆွနေပြန်သည်..။
သူပြန်မယ်ဆို ရအောင်ပြန်မယ်ပဲ..
စကားတွေသိပ်ရှည်ရှည်ဝေးဝေးမပြောချင်ဘူးရယ်..။"သေသေ ရှင်ရှင်..ဘာပဲဖြစ်ဖြစ်ပေါ့
မင်းငါ့ကိုဆရာလာလုပ်နေတာလား?""မဟုတ်ပါဘူး ဂျီရာ...
ကိုယ်ပြောတာကိုဒီတခါတော့ နားထောင်ပေးပါကွာ.."တဖက်သူက မစားနဲ့ဆို ကိုယ်ကသိပ်ကိုစားချင်တာ..
တဖက်သူက မသွားနဲ့ဆို ကိုယ်က မရမကသွားဖြစ်အောင်ကိုသွားသေးတာ..
ဒါဟာ အရွဲ့တိုက်ခြင်းနည်းတမျိုးလို့ အမည်ပေးနိုင်သလို ကလေးတွေအတွက် ထိုအသုံးအနှုန်းကစူးစမ်းခြင်းဟု ခေါ်နိုင်သကဲ့သို့ မဲနယ်ရောင်လေးအတွက်ကတော့ ခေါင်းမာခြင်းဟု ဆိုနိုင်ပေသည်...။

YOU ARE READING
🖤Domino🖤
Romanceငါတို့အချစ်ကဒိုမီနိုလိုပဲ..ငါကမင်းကိုချစ်ပေမဲ့မင်းကသူ့ကိုချစ်နေတယ်..။ အချစ်အတွက်ကြောင့်နဲ့ ဗီလိန်ဖြစ်ခဲ့မယ်ဆိုရင် ငါတို့အားလုံးက ဒီဇာတ်လမ်းမှာ ဗီလိန်ပဲ 🖤PJM×JJK×KTH🖤 [Zawgyi] ငါတို့အချစ်ကဒိုမီနိုလိုပဲ..ငါကမင်းကိုချစ်ပေမဲ့မင်းကသူ့ကိုချစ်နေတယ်..။ အခ...