Part-6🖤

761 76 36
                                    

Part-6🖤
⛔[Jikook Ficပါ]⛔

ပထမဆုံးမြင်လိုက်ရတာက အဖြူရောင်တွေဝိုးတိုးဝါးတားနဲ့...သေချာကြည့်လိုက်ပါမှ မျက်နှာကြတ်အဖြူရောင်တွေဖြစ်နေသည်..။
အနံ့တွေကပုံမှန်နှင့်မတူ တခါမှရင်းနှီးကျွမ်းဝင်လေ့မရှိသော ဆေးရနံ့တွေကတသင်းသင်းဖြင့်..သေချာပါပြီ ဆေးရုံရောက်နေပြီဆိုတာကို..။

"ဂျီ..သတိရလာပြီလား?"

ဂျီမင်လက်သေးသေးလေးတို့ကိုဆုပ်ကိုင်ထားတဲ့လက်တစုံက သတိရလာတာကြောင့် ပိုမိုတင်းကျပ်အောင်တဖန်ဆုပ်ကိုင်လာတော့သည်..။

"ဂျောင်..ဂျောင်ဂုလား?"

သတိပြန်လည်ရပေမဲ့လည်းအမြင်တွေကတော့ ဝေဝါးလို့နေဆဲပါ..ဘာကိုမှသိသိသာသာမမြင်ရတဲ့အထိကိုဖြစ်နေသည်..။

"မဟုတ်ဘူး..ကိုယ် မင်ယွန်းဂီပါ.."

"ဟင်..မင်ယွန်းဂီ?"

"အင်း.."

သေသေချာချာကြည့်လိုက်ပါတော့မှ ဂျီမင်မျှော်လင့်​စောင့်စားနေရတဲ့ အချစ်ရဆုံးသောသူမဟုတ်ပဲ တခြားသူဖြစ်နေလို့ ဆုပ်ကိုင်ခံထားရတဲ့ သူ၏လက်တစုံကိုသိသိသာသာရုန်းထွက်လိုက်တော့ ယွန်းဂီတယောက်လည်းဆက်မကိုင်သာပဲလွှတ်ပေးလိုက်သည်..။

မင်ယွန်းဂီမှန်းသိသိချင်း လက်လေးတောင်ပေးကိုင်ခွင့်မရှိတဲ့အထိကို တွန့်တိုလွန်းသူလား?
မဟုတ်ပါဘူး..ဂျောင်ဂုမဟုတ်ပဲတခြားသူ အလွယ်တကူထိတွေ့တာကိုမနှစ်မြို့သောကြောင့်ဖြစ်ပါတယ်..။

"ငါ..ဘယ်ကိုရောက်နေတာလဲ?ဆေးရုံကိုလား?"

"အင်းဟုတ်တယ်.."

ဆေးရုံအခန်းလေးကိုကြည့်လိုက်တော့အလွန်ကိုသေသပ်ပြီးသန့်ရှင်းလွန်းလှသည်..သေချာပါသည်..ပုံမှန်ရိုးရိုးအခန်းတော့ဟုတ်မည်မထင်..။

"ဒီဆေးရုံက..?"

"ဒါကိုယ့်အဖေပိုင်တဲ့ဆေးရုံလေ..ဘာမှစိတ်မပူပဲနားနားနေနေ နေပါ.."

"ဘာလို့ဆေးရုံကိုရောက်လာတာလဲ?"

"မမှတ်မိဘူးလား?ကိုယ်ဂျီ့ကိုတစ်ကျောင်းလုံးပတ်ပြီးလိုက်ရှာနေတာ..နောက်ဆုံးတွေ့လိုက်ရတာကအိမ်သာထဲမှာ ဂျီ လဲနေတာကိုပဲ...တကိုယ်လုံးကလည်းပူခြစ်ပြီးချွေးစီးတွေကလည်းထွက်နေတာ မျက်နှာတခုလုံးလည်းဖြူဖတ်ဖြူရော်နဲ့မို့လို့ ကိုယ်အခုလိုဆေးရုံကိုခေါ်လာတာ"

🖤Domino🖤Where stories live. Discover now