Part-17🖤

856 100 59
                                    

⛔[Jikook Ficပါ]⛔

မိဘနှစ်ပါး၏ သွေး ချွေး အချိန်တို့ကိုရင်း၍ ကြိုးစားအားထုတ်မှုမှတဆင့် ရရှိလာသောကုမ္ပဏီကြီး၏ အလုပ်တစ်စိတ်တစ်ပိုင်းအား ကွန်ပျူတာတစ်လုံးဖြင့်
စတင်၍လေ့လာနေဆဲဖြစ်သော "Trivia" ကုမ္ပဏီ၏ တစ်ဦးတည်းသော သားဖြစ်သူ မင်ယွန်းဂီ..။
ကုမ္ပဏီကြီး၏ ဆက်ခံသူပီပီ တစ်ဦးတည်းသောသားလည်းဖြစ်သည့် ခြွင်းချက်တခုကြောင့် မဖြစ်မနေ အနာဂတ်တွင် ထိုကုမ္ပဏီအား ဦးစီးလုပ်ဆောင်ရန်အကြောင်းဖန်လာတော့သည်..။

"ဒေါက်..ဒေါက်.."

"ဝင်ခဲ့ပါ.."

"ယွန်းဂီ.."

"အဖေ.."

"ဘယ်လိုလဲ..လုပ်ရတာအဆင်ပြေလား?
စာရင်းဇယားတွေရော ကိုက်ရဲ့လား?"

"ဟုတ်..အဲ့တာက.."

မည့်သည့်စာရင်းဇယားမျှ လုပ်ဆောင်ထားခြင်းမရှိသော ကွန်ပျူတာမျက်နှာပြင်အား ကြည့်လိုက်ရာမှ မျက်မှောင်တချက် သိသိသာသာကြုတ်သွားသော  ယွန်းဂီ၏ဖခင်ဖြစ်သူ...။
ချောင်းတချက်ဟန့်ကာ သြဇာအာဏာအပြည့်ဖြင့် ပြောဆိုလာသော အဖေသည်မှာလည်း သားဖြစ်သူအား ဝန်ထမ်းတစ်ယောက်သို့ အမိန့်ပေးခြင်းနှင့် မခြားမနားပင်..။

"အလုပ်တစ်ခုကိုပေးလိုက်ပြီဆိုတာနဲ့ သေသေချာချာ အဲ့အလုပ်ကို အာရုံစိုက်ပြီးလုပ်တာပဲ အဖေလိုချင်တယ်လို့​ ပြောထားတယ်နော်.."

"ဟုတ်ကဲ့"

"အင်း..ငါ့သား..
ငါတို့က ကြိုးစားအားထုတ်မှု..အနစ်နာခံမှု..ယုံကြည်မှု့တို့နဲ့ အလုပ်လုပ်နေရတဲ့သူတွေ.."

"အမှန်ဆို မင်းရဲ့အတွေးအာရုံတွေကို မင်းကိုယ်တိုင် မင်းရအောင်ထိန်းသင့်တယ်..
ကိုယ်ပိုင်တဲ့အရာကိုတောင် သေချာမထိန်းချုပ်နိုင်ရင် နောက်လာမဲ့ အနာဂတ်မှာ ငါတို့ရဲ့ကုမ္ပဏီကို ဘယ်လိုစိတ်မျိုးနဲ့ မင်းကိုယုံကြည်ပြီး လွှဲပေးရမှာလဲ?"

"စိတ်ချပါ အဖေ..
အဖေဖြစ်စေချင်သလို ဖြစ်အောင် ကျွန်တော် အစွမ်းကုန်ကြိုးစားပါ့မယ်.."

"အခုကလည်း ခဏတာအတွေးလွန်သွားတာပါ..
နောက်တခါ ဒီလိုမဖြစ်စေရပါဘူး အဖေ"

🖤Domino🖤Where stories live. Discover now