⛔[Jikook Ficပါ]⛔
အချိန်အတော်ကြာသည်အထိပင် ရေချိန်ကိုက်လာကာစဖြစ်သည်မို့ မမူးသောသူမရှိပေ..။
အဆိုးဆုံးကတော့ ဟိုဆော့ဖြစ်သည်..။မူးလာရင်လည်း ကမ်းကုန်အောင်ရစ်တတ်သည့် အကျင့်ကြောင့် ထယ်ယောင်းတစ်ယောက်ကံစမ်းမဲပေါက်သွားကာ ဟိုဆော့ကိုအိမ်ပြန်လိုက်ပို့ပေးခြင်းဆီသို့ရောက်ရှိသွားသည့်အဖြစ်..။ဂျီမင်လေးတယောက်သည်လည်း ဆိုဖာခုံ၏အလယ်တွင် အိပ်ပျော်သွားလေကာ အိမ်မက်ကမ္ဘာဆီသို့အလည်တခေါက်..
ပြင်ပြလောကတွင် သူပြိုင်ကိုယ်ပြိုင် ထင်တိုင်းကြဲနေကြသည့်သူများမှာ ဆိုဖာခုံတန်းရှည်၏ ဘယ်ဘက်အခြမ်းထောင့်စွန်းတွင် ထိုင်နေသောယွန်းဂီနှင့် ညာဘက်အခြမ်းထောင့်စွန်းတစ်နေရာတွင် ထိုင်နေသော ဂျောင်ဂုတို့ဖြစ်သည်..။
ယခုအခန်းထဲတွင် သုံးယောက်သာကျန်ရှိခဲ့သည်..။တိတ်ဆိတ်သောလေဟာနယ်တွင် အဲယားကွန်းသံတိုးတိုးလေးသာကြားရလောက်သည်အထိအရာရာဟာ အေးစက်စက်အငွေ့အသက်ဆီသို့..။
ရေခဲစိမ်ထားသောအရက်ကို အဆင်ပြေတကျသောက်နေခြင်းကလည်း အရက်နှင့် ဂျွန် သိပ်စိမ်းကားလှသည်မဟုတ်ပေ...။"ဂျီ့ကိုငါအိမ်ပြန်လိုက်ပို့လိုက်မယ်"
နှစ်ကိုယ်ကြားလေဟာနယ်ကိုစတင်၍ဖြိုခွင်းလိုက်သောသူ..မင်ယွန်းဂီ။
သောက်လက်စအရက်မှာထစ်ခနဲရပ်သွားပြီး အေးစက်သည့်မာနအပြုံးတခုကိုပန်ဆင်ရင်း အနည်းငယ်သောက်လိုက်ကာ ပြောဆိုလေသော ဂျောင်ဂုမှာလည်း ဘယ်လောက်ပင်သောက်သောက် ဖြုံတောင်မဖြုံသည့်သူ...။"အဲ့လောက်ထိမလွယ်ဘူးလေ..မင်ယွန်းဂီ"
"ဘာ?"
အရက်ခွက်အား ဟိုဝှေ့ဒီဝှေ့လုပ်ရင်းပြောဆိုလေသူဂျောင်ဂု..။
"လွယ်လွန်းရင်...ပျော်စရာဘယ်ကောင်းတော့မလဲ..ဟင်?"
"မင်းဘာရည်ရွယ်ချက်နဲ့ ဒီလိုတွေလုပ်နေရတာလဲ?"
"ဘာကိုပြောတာလဲ?"
"ပြိုင်တာကိုပြောတာလေ..
ငါမင်းနဲ့မပြိုင်ချင်ဘူး ဂျွန်ဂျောင်ဂု..""မပြိုင်ချင်ဘူး..?ငါတို့ကပြိုင်နေလို့လား?"
"ဂျွန်ဂျောင်ဂု..မင်းမသိချင်ယောင်ဆောင်မနေစမ်းပါနဲ့..
ယောကျာ်းဆိုတာ ဝန်ခံရဲရတယ်ကွ.."

BINABASA MO ANG
🖤Domino🖤
Romanceငါတို့အချစ်ကဒိုမီနိုလိုပဲ..ငါကမင်းကိုချစ်ပေမဲ့မင်းကသူ့ကိုချစ်နေတယ်..။ အချစ်အတွက်ကြောင့်နဲ့ ဗီလိန်ဖြစ်ခဲ့မယ်ဆိုရင် ငါတို့အားလုံးက ဒီဇာတ်လမ်းမှာ ဗီလိန်ပဲ 🖤PJM×JJK×KTH🖤 [Zawgyi] ငါတို့အချစ်ကဒိုမီနိုလိုပဲ..ငါကမင်းကိုချစ်ပေမဲ့မင်းကသူ့ကိုချစ်နေတယ်..။ အခ...