Part-8🖤

860 91 34
                                    

⛔[Jikook Ficပါ]⛔

"ဂျီ နေကောင်းသွားပြီလား..အနာကရောသက်သာရဲ့လား?"

မှိုင်ဝေဝေလေးထိုင်နေပြီးအတွေးပင်လယ်ထဲနစ်မွန်းနေတဲ့ ဂျီမင့်ကိုမြင်လိုက်တော့ ကားမောင်းနေရင်းနှင့်ပင် စကားဆိုလာသော ယွန်းဂီပါ..။

"ဆေးတွေရောသောက်ရဲ့လား?အနာကိုရောဆေးထည့်လာ​သေးလား?"

"ဆေးမသောက်လာမိဘူး.."

ဂျီမင်တယောက်အေးအေးဆေးဆေးသာပြန်ဖြေလာသော်လည်း စိုးရိမ်ခြင်းအရိပ်အယောင်တို့စိုးမိုးနေသောသူမှာ ယွန်းဂီပင်..။

"ဘာဖြစ်လို့လဲ?"

"နောက်ကျနေပြီထင်ပြီးတော့ အမြန်ထွက်လာလိုက်တာ..အဲ့တာနဲ့ ဆေးသောက်ဖို့မေ့သွားတာ.."

"ကိုယ် ဂျီ့ကိုလာခေါ်မယ်လို့ပြောထားတာပဲလေ.."

ဟုတ်ပါတယ်..​ပြောထားပါတယ်..ဒါပေမဲ့မင်းကိုမယုံလို့ပါဆိုပြီး ပြောဆိုလာသည်ရှိသော် စကားတွေအများကြီးမဆိုင်စီရာပြောလာရတော့မည်ဖြစ်သောကြောင့် ခေါင်းသာငြိမ့်ပြလိုက်လေသည်..။
စကားတွေအများကြီးမပြောချင်ဘူး..အိမ်မက်တွေဆီကိုပဲအလည်တခေါက်သွားချင်မိတယ်..။

ရာသီဥတုကိုကျေးဇူးတင်ရမည်..ဆောင်းဦးရာသီဝင်လာသယောင်လိုရှိသောကြောင့် အအေးဓာတ်လေးကငွေ့ငွေ့လေးရယ်..ဒီနေ့လည်း အင်္ကျီလက်ရှည် ဘောင်းဘီလက်ရှည်ကိုပဲ ဝတ်ဆင်လိုက်ပါတယ်..။
မလိမ်စတမ်းပြောရရင် အဖျားကတော့ရှိပါသေးသည်..။

15မိနစ်ကျော်လောက်မောင်းနှင်ပြီးတဲ့အခါမှာတော့ တက္ကသိုလ်ကျောင်းတော်ကြီးဆီကိုရောက်ရှိလာပါတော့တယ်..။ကျောင်းအဝင်ပေါက်ထဲထိ နှစ်ယောက်သားအတူတူယှဥ်တွဲသွားလာနေရင်တစ်စုံတစ်ခုကိုသတိထားမိသွားသောသူက ယွန်းဂီ..။

"ဂျီ..ခဏရပ်ဦး.."

"ဟင်..

ဘာ..ဘာလုပ်တာလဲ?"

"ခဏငြိမ်ငြိမ်လေးနေ.."

ကျောင်းဝန်းထဲမှာမဟုတ်သော်လည်း အဝင်ပေါက်အလယ်တည့်တည့်တွင် ဂျီမင်ရဲ့ပြေကျနေသော ဖိနပ်ကြိုးလေးတွေကို ကိုယ်တိုင်ချည်ပေးသူကြီး မင်ယွန်းဂီကြောင့် အများသူငါအကြည့်တွေအကုန်က ထိုလူသားလေးတို့ရှိရာဆီသို့..။
နှုတ်ခမ်းနီမလေးတွေများဝိုးခနဲဝါးခနဲဖြင့်အာမေဋိတ်အသံတွေပလုံစီစွာထွက်လာတော့သည်..။

🖤Domino🖤Where stories live. Discover now