Part-16🖤

811 94 38
                                    

⛔[Jikook Ficပါ]⛔

"ဂျီမင်...ဒီမှာ.."

အကခန်းမထဲ၌ တစ်ယောက်သောသူမှခေါ်လိုက်သောကြောင့် လှည့်လည်ရှာဖွေနေသောအဝါရောင်ခေါင်းလုံးလုံးလေးက လက်လေးရမ်းပြနေသောဟိုဆော့ဆီသို့တည့်တည့်မတ်မတ်..။

"ဂျီမင်..မင်းဒီနေ့အတန်းမတတ်ဘူးလား?"

"အင်း..မတတ်ချင်လို့..။
လာလေ..အစမ်းကကြည့်ရအောင်.."

"ငါတို့နှစ်ယောက်က တစ်တွဲဆိုတော့ သေချာစည်းချက်ညီအောင် ကလိုက်ရင် ပွဲသိမ်းပြီပဲ.."

"စည်းချက်ညီအောင်ကဖို့ထက် နှလုံးသားထဲကလာတဲ့ စည်းချက်နဲ့အညီ ကနိုင်ရင်ရပြီ.."

"အင်း..မှတ်ထားပါ့မယ်.."

"လာ..အစမ်းလေ့ကျင့်ရအောင်.."

"အင်း.."

အချိန်တို့အတိုင်းအတာတစ်ခုထိကျော်လွန်ပီးနောက် နေ့လည်ပိုင်းဆီသို့ရောက်ရှိသွားလေသည်..။
ကန်တင်းတွင်ခါတိုင်းကဲ့သို့ သူငယ်ချင်းများစုဝေးကြသည်မှာလည်းတစုံတယောက်မှ မပျက်မကွက်..။

"အားလုံးကိုထယ်ပြောစရာရှိတယ်.."

"ယွန်းဂီနဲ့မင်လေး..
ဟိုတနေ့ကမင်လေးတို့ပန်းခြံသွားဖို့ကိုထယ် အတင်းခေါ်လို့မသွားလိုက်ရဘူးမလား?
အက်တာအစားပြန်ပေးမယ်လို့ထယ်ပြောဖူးတယ်လေ.."

"အစား..ဟုတ်လား?"

"အင်းယွန်းဂီ..
ဒီနေ့ညနေကျရင် ငါတို့ကစားကွင်းသွားကြမယ်လေ..မကောင်းဘူးလား?"

"ကောင်းတာပေါ့"

"မကောင်းဘူးလေ ဟိုဘီ..ငါတို့အစမ်းပွဲရှိသေးတယ်မလား?"

"ဘာတွေလဲမင်..အစမ်းပွဲဆိုတာကရော?"

"ဆောရီး ထယ်..ငါတို့မအားဘူး..။
အခုလာမဲ့ဒီနှစ်အကပြိုင်ပွဲက သဘက်ခါကျရင်လုပ်တော့မှာ..ငါတို့မှာ rehearsalလုပ်ဖို့ဒီနေ့နဲ့မနက်ဖြန် နှစ်ရက်ပဲကျန်တော့တယ်.."

"ဟုတ်သားပဲ..ဆောရီး ထယ်..ငါတို့မလိုက်တော့ဘူး.."

"အာ..ငါကမင်လေးနဲ့ယွန်းဂီတို့အတွက်သွားကြမယ်ပြောတာလေ..အခုမင်လေးမပါမှတော့ ငါတို့လည်းမသွားတော့ဘူး"

🖤Domino🖤Where stories live. Discover now