Part-4🖤

733 69 15
                                    


အတွေးတို့နယ်ချဲ့နေသောဂျီမင်သည်မှာထိုကောင်မလေးအားသနားမိတာကြောင့် ယွန်းဂီကိုပြောဆိုသည်မှာလည်းသူမဟုတ်သည့်အတိုင်း..အစွာလေးဖြစ်သည်..။

"ရား..မင်းအဲ့ကောင်မလေးကိုမကြိုက်ရင်တောင်ကောင်းကောင်းမွန်မွန်ပြောလို့မရဘူးလား?"

"ဟင်?"

"ခုနကသူမင်းကိုပေးတဲ့ပစ္စည်းကတန်ဖိုးမကြီးမားရင်တောင်..အနည်းဆုံးတော့တန်ဖိုးထားတတ်ရတယ်။သူကမင်းကိုမြတ်နိုးလွန်းလို့ပေးတဲ့အရာပစ္စည်းတစ်ခုကိုမင်းကအမှိုက်လိုပဲတန်ဖိုးဖြတ်တယ်တဲ့လား..မင်းနည်းနည်းပါးပါးကိုယ်ချင်းမစာတတ်ဘူးလား မင်ယွန်းဂီ?မင်းအတွက်ပဲမင်းကြည့်ပြီးဟိုဘက်ကအပယ်ခံလိုက်ရတဲ့ကောင်မလေး..သူဘယ်လောက်ထိတောင်နာကျင်သွားရမလဲဆိုတာမင်းထည့်မစဥ်းစားဘူးလား?"

ဂျောင်ဂုအပါအဝင်တခြားသူများပါအံ့သြသွားသည့်အဖြစ်..ထိုကဲ့သို့စကားတို့ကိုဆိုခဲ့ခြင်းမရှိသောဂျီမင်တယောက်..ယွန်းဂီနဲ့ကျမှခံစားချက်အမှန်တွေပေါက်ကွဲလာသည်ကို မည်သူမျှမသိပေ..။ကြက်ကန်းဆန်အိုးတိုးသွားသည့် ဂျီမင်အဖြစ်ရယ်ပါ။

"ဂျီမင်..မင်းအဆင်ပြေရဲ့လား..ဘယ်လိုဖြစ်တာလဲရုတ်တရက်ကြီး?"
ဂျောင်ဂုမှမေးလိုက်ခြင်းဖြစ်သည်။

"ငါ..ငါ..ဟိုကောင်မလေးအတွက်..ခံပြင်းလွန်းလို့ဝင်ပြောမိတာ"

"ထည့်မစဥ်းစားတာမဟုတ်ဘူး..ထည့်စဥ်းစားလို့အခုလို ကိုယ်ပြတ်ပြတ်သားသားငြင်းလိုက်တာ..ဘာလို့ဆိုသိလား?ကိုယ့်ကိိုပြန်မချစ်မဲ့သူဆီကနေ စောင့်နေဆိုတဲ့စကားကို ကိုယ့်ဘက်ကလွယ်လွယ်လေးပြောလိုက်နိုင်ပေမဲ့..စောင့်နေရတဲ့သူကတော့ သူချစ်တဲ့သူရဲ့ အချစ်ကိုရဖို့စောင့်နေမှာကြိမ်းသေပဲ..ကိုယ်ကကိုယ့်ကိုကြိုက်တဲ့သူတွေကိုအဲ့လိုဟန်ဆောင်ပြီးမျှော်လင့်ချက်တွေမပေးချင်ဘူး..အပြတ်ငြင်းလိုက်တာကနာကျင်ရင်တောင်တစ်ခဏပဲ..မဖြစ်နိုင်ပဲမျှော်လင့်ချက်တွေပေးပြီးစောင့်ခိုင်းရတဲ့နာကျင်မှုကလူကိုပိုပြီးခံစားရခက်စေတယ်..ဒါကြောင့်ကိုယ်ဘာလို့အပြီးပြတ်ငြင်းလိုက်ရတယ်ဆိုတာမင်သိလောက်ပြီလို့ကိုယ်ထင်တယ်..."

🖤Domino🖤Where stories live. Discover now