Part-22🖤

895 97 59
                                    

⛔[Jikook Ficပါ]⛔

ပြုံးရုံလေးပြုံးပြရင်း ထယ်ယောင်းငယ်ဘက်မှ စတင်၍စကားဆိုလာခဲ့သည်..။
မင်ယွန်းဂီတို့စကားပြောဖို့ရာ ထယ်ယောင်း
ကြံဖန်ပြီးစကားလမ်း ကြောင်းလိုက်တာပါ။

"ဘာစားမလဲ ယွန်းဂီ..?"

"ငါကန်တင်းလာတာစားဖို့မဟုတ်ဘူး..
မင်းကိုပြောစရာရှိလို့.."

ခေါင်းကိုသာဆက်တိုက်ငြိမ့်ပြနေသော ထယ်ယောင်းမှာလည်း အေးအေးဆေးဆေးဖြင့်သာ ယွန်းဂီ၏အပြောကိုစောင့်နေသည်..။

"ပြောစရာဆိုတာထက် မေးစရာရှိလို့.."

"ဘာကိစ္စလဲ?..မေးလေ.."

"ဂျီ..
သူအခုဘယ်မှာလဲ?"

"ဂျီမင့်ကိစ္စ ဘာလို့ထယ့်ကိုလာမေးနေတာလဲ?
ထယ်ကဘယ်လိုလုပ်သိမှာတုန်း..လူကိုဝှက်ထားတာမှမဟုတ်တာ.."

"ဒီလိုမေးကြေးဆို..
မဟုတ်မှလွဲရော..မင်ယွန်းဂီ..
မင်းကဂျီ့ကိုငါဝှက်ထားတယ်လို့ထင်နေတာလား?"

ယွန်းဂီ၏စကားအသွားအလာတို့မှာ ရှေ့နောက်မညီညွတ်တော့ ထယ်တယောက်သူ၏အခေါ်အဝေါ်တို့မှာလည်း ညီညွတ်ခြင်းမရှိတော့..။
အကြည့်တွေက အရှေ့ရှိ စားပွဲခုံထက်သို့ပို့လိုက်ရင်း ခြေထောက်တချောင်းပေါ်တချောင်းချိတ်ထိုင်လိုက်ကာ သွေးအေးစွာမေးမြန်းလေသူ ယွန်းဂီ..။

"ဘယ်ပြောနိုင်မလဲ..
နဂိုကတည်းက ဂျီ့ကိုမုန်းနေတာပဲလေ.."

အရွဲ့တိုက်ခြင်းမည်သောအပြုံးကို ခပ်ပါးပါးလေးယူသုံးလိုက်ကာ ပြောဆိုလာသောထယ်​ယောင်းမှာလည်း ယုံချင်စရာတောင်မရှိ။

"ငါ့ပါးစပ်ကဂျီမင့်ကိုမုန်းတယ်လို့ ပြောဖူးလို့လား?"

"သူခိုးက ခိုးတယ်လို့ဘယ်တော့မှဝန်မခံဘူး ကင်ထယ်ယောင်း.."

"ကြံရာပါတွေပဲ..
သူတော်ကောင်းယောင်လာဆောင်မနေစမ်းပါနဲ့..
ငါတို့ကအခုတစ်လှေတည်းစီး တစ်ခရီးတည်းသွားနေတဲ့သူတွေပဲဟာကို..
အခုမှလာပီး တအားသိပ်ကြီးကျယ်ပြမနေနဲ့ မင်ယွန်းဂီ..မင်းမဟုတ်တဲ့အတိုင်းပဲ.."

"ဒီနေ့ကစပြီးမင်းနဲ့ငါ တစ်လှေတည်းစီးစရာလည်းမလိုသလို..တစ်ခရီးတည်းလည်းသွားစရာမလိုတော့ဘူး..ကင်ထယ်ယောင်း.."

🖤Domino🖤Where stories live. Discover now