Part-13🖤

793 101 38
                                    

⛔[Jikook Ficပါ]⛔

ဘာလို့အဲ့လိုပြုံးနေရတာလဲ?
အခုလိုအခြေအနေတွေမှာတောင် ဘာလို့အမြင်ကပ်ဖို့ကောင်းတဲ့ အပြုံးတွေကိုပြုံးနေတာလဲ ဂျွန်ဂျောင်ဂု..
မင်းတကယ်ဘာဖြစ်စေချင်နေတာလဲ?

ရေခဲထုထည်ပမာ အေးစက်စွာကြည့်နေသော်လည်း အတွေးတွေထဲမှာ ဟိုတစ်စ ဒီတစ်စဖြင့် ပျံ့လွှင့်နေလေသော ယွန်းဂီ..။

အရွဲ့တိုက်တိုင်းသုံးလေ့ရှိသော မဲ့ပြုံးတခုကိုဆင်မြန်းစေကာ ဉာဏ်နီဉာဏ်နက်အကြံအစည်တို့ထုတ်သုံးလေသောသူ။
ဘယ်သူရှိမလဲ..ဂျွန်ဂျောင်ဂု ပဲပေါ့..။

"ကိုယ်စဉ်းစားနေတာထယ်ရဲ့.."

ထယ်ယောင်းကိုကြည့်၍စကားစပြောလာသော ဂျောင်ဂု..။

"အင်း..ဘာတွေများ ထယ့်ရဲ့ ဂျွန်ကစဉ်းစားနေတာလဲ?"

"ဒီနေ့ကျောင်းဆင်းရင်ကိုယ်တို့ စတွဲကြတဲ့အထိမ်းအမှတ်အနေနဲ့ ကိုယ်တို့သူငယ်ချင်းတွေကို မုန့်လိုက်ဝယ်ကျွေးရင်မကောင်းဘူးလား..မဟုတ်ရင်တောင် dinnerဖြစ်ဖြစ်လေ..အဆင်ပြေတာတခုခုပေါ့.."

"မဆိုးဘူး..ဂျွန့်ရဲ့ အစီအစဉ်ကကောင်းတယ်.."

"အားနာပေမဲ့ ငါနဲ့ဂျီမလိုက်တော့ဘူး.."

"ဘာဖြစ်လို့လဲယွန်းဂီ?"

"စောနက ငါတို့သွားစရာရှိတယ်လို့ ပြောထားတယ်လေ..မမှတ်မိဘူးလား ဂျောင်ဂု?"

ယွန်းဂီကလည်းတခွန်းမလျော့သကဲ့သို့ ဂျောင်ဂုကလည်းစကားအရာတွင်အလျော့ပေးခဲ့ခြင်းမရှိ..။
နှစ်​ယောက်သား အကြည့်တို့ပြိုင်စေပြီးကာ စကားအဆိုအမိန့်တွင်လည်း ထပ်မံပြိုင်စေတော့သည်..။

"သွားတာကနောက်နေ့တွေသွားလည်းရတာပဲ..ဒီနေ့လို ရက်မျိုးက အစားပြန်ထိုးဖို့ရက်လည်းမရှိဘူးနော်.."

"အစားပြန်ထိုးဖို့ရက်မရှိတာမှန်တယ်..
အက်တာကြောင့်ဒီနေ့ပန်းခြံမှာပွဲဈေးရှိတာနောက်ဆုံးရက်ဆိုတော့..လက်လွှတ်လို့ကလည်းမရဘူးဖြစ်နေတယ်.."

"ဒါဆိုမင်းက ငါနဲ့ထယ်ရဲ့ပွဲကိုကျလက်လွှတ်မယ်ဆိုပါတော့.."

"လက်လွှတ်သင့်ရင်တော့လည်း..."

"ဘာ?"

မျက်မှောင်တချက်ကျုတ်သွားကာ အသံမာသွားသောဂျောင်ဂုကြောင့် အခြေအနေတချက်အကဲခတ်၍ အလျင်အမြန်ပင် စကားကြားဖြတ်ဝင်လိုက်သောထယ်​ယောင်းငယ်..။

🖤Domino🖤Where stories live. Discover now