လူတိုင်းမှာအတိတ်ဆိုတာရှိတယ်
တစ်ချို့အတိတ်တွေကလှပသလောက် တစ်ချို့ကတော့အကျည်းတန်လွန်းလှပါပေတယ်
မက်မက်မောမောပြန်လည်တမ်းတနေချင်မိတဲ့အတိတ်နဲ့ နာနာကျင်ကျင်မေ့ဖြောက်ပစ်လိုက်ချင်တဲ့အတိတ် ပြန်လိုချင်တယ် ပြန်မရောက်ချင်ဘူးထားပါအတိတ်အကြောင်းစာဖွဲ့နေရင်ဒီဇာတ်လမ်းလေးစဖြစ်မှာမဟုတ်တော့ဘူး
ဆိုတော့ ပုံပြင်လေးတစ်ပုဒ်ပြောပြချင်တယ် ပြောခဲ့သလိုဘဲလူတိုင်းမှာအတိတ်ဆိုတာရှိတယ်
အင်း.. ကျွန်မ မှာလည်းနာကျင်မှုတွေကြားက ပျော်ရွှင်ခဲ့ရတဲ့ မှတ်ဉာဏ်ထဲကနေ ဖယ်ထုတ်လိုက်ချင်တဲ့
မေ့လို့မရတဲ့ အတိတ်တစ်ခုရှိခဲ့တယ်.....⏳⌛
"အဲ့မှာဘာထိုင်လုပ်နေတာလဲ"
လမ်းမပေါ်တွင် ဒူးနှစ်လုံးကိုရင်ဝယ်ပိုက်ကာ ပေကပ်ကပ်ဖြင့်ထိုင်နေသော ကောင်မလေးအား မလှမ်းမကမ်းတွင်ရပ်နေသော မိန်းကလေးတစ်ယောက်က မေးလိုက်ခြင်းဖြစ်သည်
"နင်မှကုန်းမပိုးတာ"
ထိုမျှသာပြောပြီး သူမလေး ကကျောက်ရုပ်ပမာထိုင်လို့ကောင်းတုန်း
"မရစ်စမ်းပါနဲ့ niရာအိမ်ပြန်နောက်ကျရင်ဆူခံထိလိမ့်မယ် မိုးကလဲရွာတော့မယ်ဟ"
မည်းမှောင်နေတဲ့တိမ်တိုက်တွေကိုမော့ကြည့်ရင်းပြောလိုက်တော့ သူမ ကလဲမော့ကြည့်လို့လာတယ်
"အာ့ဆို ကုန်းပိုးလေ"
ထို့နောက်မကျေမနပ်ပြန်ပြောလာပြန်တယ်
"ဒီနေ့တစ်ရက်ဘဲလေဟာ ငါတကယ်ပင်ပန်းနေလို့ပါ"
"မရဘူး ကုန်းမပိုးရင်မပြန်ဘူး ဒါဘဲ"
ရော ခက်ပြီ နည်းနည်းလေးတောင်အလျော့မပေးပါလား niရယ်
သူမကအဲ့လိုဘဲ ကျွန်မအပေါ်ဆို သိပ်အနိုင်လိုချင်တာနောက်ဆုံးတော့လည်း အနိုင်မယူရက်သူ ကျွန်မကဘဲအရှုံးပေးရတော့တာပေါ့ သက်ပြင်းတစ်ချက်ချလို့ ဆောင့်ကြောင့်ထိုင်နေတဲ့ သူမ ရှေ့ထိုင်ချပေးလိုက်တယ်
"ဘာလဲ"
ဘောက်ဆက်ဆက်စကားသံလေးက နားထဲ မညှာမတာဝင်ရောက်လာလေရဲ
YOU ARE READING
Memory (Completed)
Fanfictionကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...