"Ni ငါနင့်ကိုပြောစရာရှိတယ်"
ဖွင့်ပြောတော့မယ် ဘယ်လိုမှမနေနိုင်တော့လို့ သူမ အပေါ်ထားတဲ့ ကျွန်မ ရဲ့သံယောဇဉ်ကဘယ်လိုလည်းဆိုတာကို သူမ သိအောင်ဝန်ခံလိုက်တော့မယ်
အဲ့ဒီကိစ္စတွေဖြစ်ပြတ်ခဲ့ပြီးနောက်ပိုင်း ပိုပိုသိလာရတာက သူမ ကိုအဆုံးရှုံးမခံနိုင်ဘူးဆိုတာဘဲ
အစကတော့ မင်းပြန်မချစ်လည်းရပါတယ်ဆိုတဲ့စိတ်နဲ့ တစ်သက်လုံးရေငုံနှုတ်ပိတ်ပြီး နေတော့မလို့ဘဲ
ဒါပေမယ့် သူမ ချစ်တဲ့သူက ကျွန်မဘဲဖြစ်ချင်မိတယ်ဒီတော့ ချစ်နေတာကိုဝန်ခံပြီး သူမ အချစ်ကိုရဖို့ကြိုးစားကြည့်ချင်တယ်
"ဘာများလည်း ထူးထူးဆန်းဆန်း စကားပလ္လင်တွေခံလို့ပါလား"
"အခုတော့မပြောချင်သေးဘူး ညနေကျောင်းဆင်းမှ ပြောမယ်"
"အင်း သဘောဘဲ"
"ဘာတွေပြောမှာမို့ အချိန်တွေရွှေ့ဆိုင်းနေရတာလည်း ဘာလည်းငါတို့ကိုမသိစေချင်လို့လား"
အခုမှ မုန့်ဝယ်ပြီးပြန်လာတဲ့ ချယ်ကနားစွန်နားဖျားကြားကာမေးလာလေသည်
နင်နဲ့တော့ခက်တယ် ချယ်ရယ် ငါ့ကိုအဖြေခက်အောင်သိပ်လုပ်တာဘဲ
"ဘာရယ်မဟုတ်ဘူး ဒီတိုင်းပါဘဲ"
ဒီအချိန်မှာမပြောပြနိုင်တာကိုခွင့်လွှတ်ပါ
"အေးပါ မပြောချင်လည်းမမေးတော့ပါဘူး niniသူပြောတဲ့အချိန်ကြငါတို့ကိုပြန်ပြောပြနော်"
"ဟုတ်တယ် ငါလည်းအဲ့လိုလျို့ဝှက်တဲ့ကိစ္စဆိုအရမ်းသိချင်တာ"
Sooကပါဝင်၍ပြောလာလေသည် သူမ ကတော့ခပ်ဟဟရယ်ရင်း
"နင်တို့လုပ်နေတာနဲ့ သူကမပြောတော့ဘဲနေလိမ့်မယ်"
ငါဆုံးဖြတ်ပြီးပြီမို့ ဒီစကားကို ပြောဖြစ်အောင်ပြောမှာပါ ni
"ဟဲ့ သူတို့နှစ်ယောက်ကတွဲနေတာတဲ့"
ပြောလက်စ စကားဟာချယ်ယောင်းဖြတ်ပြောလိုက်သည့်စကားကြောင့်ပြတ်တောက်သွားခဲ့သည်
"ဟုတ်လို့လား နင်ကလည်း"
ချယ်ရည်ညွှန်းသည့် ကျွန်မ တို့အနားကဖြတ်သွားေသာအတန်းဖော်နှစ်ယောက်အားကြည့်ရင်း Sooကမယုံသလိုမေးလိုက်သည်
YOU ARE READING
Memory (Completed)
Fanfictionကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...