ဘာလိုလိုနဲ့ အချိန်တွေကုန်လာလိုက်တာ ကျောင်းပိတ်ရက်တွေကုန်ဆုံးလို့ မနက်ဖြန်ဆိုရင်ဘဲ ကျောင်းပြန်ဖွင့်တော့မည်
အထက်တန်းပထမနှစ်တတ်ရတော့မည်ဖြစ်၍ အနည်းငယ်စိတ်လှုပ်ရှားမိတာတော့အမှန်
ဒီအတောတွင်း သူမ နဲ့အချေနေကတော့ အဆင်ပြေနေတယ်ဘဲထားပါတော့ ကျွန်မ အခုထိမှတ်မိနေသေးတယ်
အဲ့ဒီနေ့ကပေါ့ အန်ကယ်နဲ့အန်တီက ကျွန်မကို niနဲ့အတူသင်တန်းတတ်ဖို့ပြောတုန်းက စိုးထိတ်သွားတဲ့ သူမ မျက်နှာလေးကို အခုထိမှတ်မိနေတုန်းပါဘဲ
ဖွင့်မပြောပေမယ့် သူမနဲ့အတူ ကျွန်မ ကိုသင်တန်းမတတ်စေချင်မှန်းသိလိုက်ရတော့ ရင်ထဲအောင့်သက်သက်နဲ့ ခံစားရခက်လွန်းပါတယ်
ကျွန်မ ငြင်းလိုက်တော့မှ ပြုံးယောင်သန်းလာသည့် မျက်နှာလေးက တကယ်ကို လှတာ
"Lili မနက်ဖြန်အတွက်အဆင်သင့်ဖြစ်ပြီလား"
မနက်အတွက် လိုအပ်တာတွေ ကျောပိုးအိတ်ထဲသေချာထုတ်ပိုးနေကြရင်း သူမ ကတတ်ကြွစွာမေးလို့လာသည်
"ဒါပေါ့ ငါကအမြဲတမ်းအဆင်သင့်ဘဲ"
မျက်ခုံးတစ်ဖက်ကိုပင့်တင်ကာပြောလိုက်တော့ သူမ ကသဘောကျစွာရယ်လေရဲ့
အခုမှ သေချာကြည့်မိတယ် သူမ အရမ်းလှလာတာဘဲ အင်းလေ အပျိုပေါက်စလေးဖြစ်နေပြီဆိုတော့ အလှသွေးကြွယ်လာတာမဆန်းပါဘူး
"ငါ လေအရမ်းစိတ်လှုပ်ရှားတာဘဲသိလား"
"အမယ်ကြီးကြီးကျယ်ကျယ်နဲ့ ကျောင်းပြန်ဖွင့်တိုင်း တစ်ခါမှတတ်တတ်ကြွကြွ မရှိတဲ့နင်က စိတ်လှုပ်ရှားတယ်လေးဘာလေးနဲ့"
သူမ အားခက်ရွဲ့ရွဲ့ကလေးပြောကာ ကိုယ့် ဘာသာတစ်ယောက်တည်းရယ်နေခဲ့သည်
မနက်ဖြန်ကြုံတွေ့ရမဲ့ အကြောင်းအရာတွေကိုသာ ကြိုသိခဲ့ရင် အဲ့ဒီနေ့က ကျွန်မ ပြုံးရယ်နေနိုင်မယ်မထင်ဘူး
"ငါတကယ်ပြောနေတာဟ မယုံလည်းနေပေါ့"
နှာခေါင်းလေးရှုံ့ကာရန်တွေလာတော့ သဘောကျစွာရယ်လိုက်မိပြန်သည်
![](https://img.wattpad.com/cover/325472030-288-k35943.jpg)
YOU ARE READING
Memory (Completed)
Fanfictionကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...