နေ့ခင်းကအဖြစ်ပျက်တွေကို ပြန်တွေးမိတိုင်း ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့
စာကြည့်စားပွဲပေါ်ရှိ စာအုပ်တွေကို စိတ်မပါစွာကြည့်နေမိတာ ဘယ်လောက်ကြာေနသည်မသိ
စိတ်ဆိုးနေလေသူ သူမ အားအခုချိန်ထိမချော့ရသေးပုံမှန်ဆို သူမ စိတ်ကောက်ရင်ချက်ချင်းချော့နေကြ ဒီနေ့တော့ ဘာကြောင့်မှန်းမသိ စိတ်ထဲတွေဝေနေမိသည်
သွားချော့လိုက်ရင်ကောင်းမလား ဒီအတိုင်းထားလိုက်ရမလား ဆိုပြီးလွန်ဆွဲနေတာ အချိန်တွေသာကုန်သွားတယ် အဖြေကခုထိမရသေးဘူး
ကိုယ်ကမှစမခေါ်ရင် နေနိုင်ရက်သူ သူမ ကတော့စခေါ်မည်မဟုတ်တာအသေချာ
အတွေးတွေကိုရပ်လို့ လက်ကနာရီကိုတစ်ချက်ငုံ့ကြည့်လိုက်တော့ ညရှစ်နာရီတိတိကိုညွှန်ပြနေလေသည်
နောက်ဆုံးတော့မနေနိုင်သူ ကိုယ်ကဘဲ လက်နက်ချလို့အရှုံးပေးရပြန်ပြီပေါ့
ထိုင်နေရာမှအမြန်ထလိုက်ပြီး မီးလင်းနေသေးသည့်အခန်းလေးရှိရာဆီသို့ ခြေလှမ်းတွေကိုအမြန်ဦးတည်လိုက်တော့သည်
"အဖေ မအိပ်သေးဘူးလား"
အိမ်ထဲကအထွက် အိမ်ရှေ့ရှိခုတင်ပေါ်တွင်ထိုင်နေသောအဖေ့အားမေးလိုက်ခြင်းဖြစ်သည်
"မအိပ်သေးပါဘူး သမီးရယ်အစောကြီးရှိသေးတာကို ဒါနဲ့ ဘယ်သွားမလို့လဲ"
"Nini ဆီသွားမလို့"
"နှစ်ယောက်သားစိတ်ဆိုးနေကြတာလား"
"အဖေ ဘယ်လိုသိတာလဲ"
"အဖေက သမီးကိုမွေးထားတဲ့အဖေပါ သမီးမျက်နှာကိုတစ်ချက်ကြည့်တာနဲ့ ဘာဖြစ်နေလဲဆိုတာ အဖေသိပြီးသား"
အကင်းပါးသူအဖေဟာ ကျွန်မ မျက်နှာကိုကြည့်ရုံနဲ့ ကျွန်မ ဘာဖြစ်နေလဲ သိသတဲ့
အဲ့လောက်တောင်သိသာနေတာလားသူမ နဲ့အဆင်မပြေတဲ့နေ့တွေဆိုပုံမှန်မဟုတ်ေတာ့တဲ့ကျွန်မ စိတ်တွေ
သိသိသာသာပျက်ယွင်းနေတဲ့အမူအယာတွေ အင်း ဒါတွေကိုအဖေသတိထားမိနေတာမဆန်းပါဘူးလေ
YOU ARE READING
Memory (Completed)
Fanfictionကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...