နောက်တစ်ကြိမ်စစ်ဆေးမှုပြီးလို့ နောက်တစ်ကြိမ်အဆင့်ကဒ်တွေပေးမည့်နေ့
အတန်းထဲကလူတွေအားလုံးစိတ်လှုပ်ရှားပြီးဂဏာမငြိမ်ဖြစ်နေကြလေသည်
ကျွန်မကတော့ ထိုလူတွေကိုဂရုမစိုက်အားသေး
ကျွန်မ ရဲ့အရှေ့နှစ်ခုံကျော်မှာထိုင်နေသော ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေသည့် ကောင်မလေးကို ကြည့်နေရတာမို့တစ်ယောက်နဲ့တစ်ယောက် စာအပြန်အလှန်ပို့နေကြမှန်း ပြုံးနေသည့် သူတို့မျက်နှာကသက်သေပါဘဲ
ကြည့်ရင်းကြည့်ရင်း ဒေါသထွက်လွန်းလို့ လက်သီးကိုသာကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်
မင်းအရင်ကဒီလောက်ထိအတင့်မရဲပါဘူး
ဘာလည်း ငါသိသွားပြီဆိုတော့ ဘာကိုမှဂရုမစိုက်တော့တာလား အဲ့လိုမျိုးလားတကယ်တော့ ဘယ်သူမှ ကျွန်မကိုအရေးတယူနှိပ်စက်နေတာမျိုးမဟုတ်ပါဘူး
ကျွန်မ ဘာသာတစ်ဖက်သတ်လိုက်ပြီးခံစားနေတာ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုနှိပ်စက်နေမိတာအဲ့လိုမျိုးသိသိရက်နဲ့မိုက်မဲနေခဲ့တာ နာကျင်ရတဲ့အရသာကိုမှ ခုံမင်နေတယ်ထင်ပါရဲ့
သူမ ကိုကြည့်နေစဉ်မှာဘဲ အနောက်သို့လှည့်ကြည့်လာသည့် သူမ ကြောင့်အကြည့်ချင်းဆုံသွားခဲ့သည်
စောနကပြုံးရိပ်သန်းနေတဲ့ မျက်ဝန်းလေးက အခုမှဘာလို့ညှိုးငယ်သွားရတာလည်း
ငါ့မျက်ဝန်းတွေနဲ့စုံမှ ဘာလို့ဝမ်းနည်းသွားရတာလည်းလို့ ငါဝမ်းနည်းဖို့လည်းထားပါအုံးniရယ်
တဖြေးဖြေးရစ်ဝိုင်းလာသည့်မျက်ရည်စတွေကို သူမ မမြင်အောင် ကိုယ့်ဘက်ကနေအရင်အကြည့်လွှဲလိုက်သည်
နင်နဲ့ပတ်သတ်ရင်ငါအမြဲပျော့ညံ့နေတာဘဲ
အတန်းထဲကိုဝင်လာသည့်အတန်းပိုင်ဆရာကြောင့် ကျလုစဲမျက်ရည်တွေဟာမျက်ဝန်းထဲမှာတင်ရပ်တန့်သွားခဲ့သည် ကျေးဇူးပါဆရာ ဒီအချိန်ရောက်လာပေးလို့
ဆရာ ကနာမည်တွေခေါ်ရင်းအဆင့်ကဒ်တွေလိုက်ပေးနေချိန် ကျွန်မ ကတော့ခဲတံကိုင်ကာပုံတွေရေးခြစ်နေလိုက်သည်
![](https://img.wattpad.com/cover/325472030-288-k35943.jpg)
YOU ARE READING
Memory (Completed)
Fanfictionကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...