"Jen ငါအဖြေတောင်းထားတာစဉ်းစားပြီးပြီလား"
အတန်းထဲကိုဝင်ဝင်ချင်းမှာဘဲ အပေါက်ဝကနေ စီးကြိုကာ သူမ ဆီကအဖြေတောင်းနေတဲ့ သကောင့်သားကိုဆွဲထိုးပစ်လိုက်ချင်တာ လက်ကိုယားလို့
ဘေးနားက သူမ လေးကိုကြည့်လိုက်တော့ ကျွန်မကိုကြည့်နေလေရဲ့
"ငါ အရင်ဝင်နှင့်မယ်"
ဒီနားမှာဆက်နေ နေရင်ဘာလုပ်မိမလဲမသိလို့ အတန်းထဲကိုအရင်ဝင်ခဲ့လိုက်သည်
ချက်ချင်းကျွန်မနောက်ကိုများလိုက်လာလေမလားလို့အရှက်မရှိမျှော်လင့်မိပါရဲ့
သို့ပေမဲ့ ကျွန်မ နေရာမှာဝင်ထိုင်လိုက်သည့်တိုင် သူမ ကတော့ ကျန်ခဲ့သည့်နေရာမှာဘဲ ဟိုအတန်းခေါင်းဆောင်ဆိုတဲ့တစ်ယောက်နဲ့ စကားပြောလို့ကောင်းတုန်း
တရိပ်ရိပ်ထိုးတတ်လာသည့်ဒေါသတွေကို အတင်းမျိုချလို့လက်ကိုကျစ်ကျစ်ပါအောင်ဆုတ်ထားလိုက်သည်
စိတ်ပြေလိုပြေညား ကျောပိုးအိတ်ထဲကပုံဆွဲစာအုပ်ကိုထုတ်လိုက်သည်။ ခဲတံကိုင်ထားသောလက်တစ်ဖက်ဟာ အဖြူရောင်စာရွက်ကလေးပေါ်တွင် ဦးတည်ချက်မရှိရွှေ့လျားလှုပ်ရှားနေလေသည်
ကိုယ်မပိုင်တဲ့ ပန်းကလေးကို အခြားသူခူးဆွတ်ဖို့ကြံရွယ်လေတိုင်း တိတ်တခိုးလေးသဝန်တိုနေရတဲ့ ကိုယ့်အဖြစ်ကို ပန်းကလေးသိနိုင်မည်မဟုတ်ပါ။
"အရမ်းလှတာဘဲ"
အတွေးနယ်ချဲ့နေရင်းမှ ရုတ်တရက်ကြားလိုက်ရသောစကားသံကြောင့် အလွန်ပင်လန့်သွားရသည်
ထိုအသံပိုင်ရှင်ကိုမော့ကြည့်လိုက်တော့ sooဖြစ်နေလေရဲ့
"ဪ sooရောက်ေနတာကြာပြီလား"
"ကြာပြီလေ နင် ပုံဆွဲနေတာကြည့်နေတာ ကြည့်ပါဦး ပန်းလေးကအရမ်းလှတာဘဲ ဘာပန်းလေးလည်းဟင်"
Niniပန်းလေး
"အမ် ငါလဲမသိဘူး ဒီအတိုင်းစိတ်ကူးထဲပေါ်လာလို့ဆွဲလိုက်တာရယ်"
"ဟုတ်လား အရမ်းလှတာဘဲ နင်ကပုံဆွဲသိပ်တော်တာဘဲနော်"
သူမ ရဲ့ချီးကျူးစကားလေးအတွက် အပြုံးလေးနဲ့သာတုံ့ပြန်လိုက်သည်
YOU ARE READING
Memory (Completed)
Fanficကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...