အိမ်အသစ်တစ်လုံးတည်ဆောက်ဖို့ထက် ယိုင်နဲ့နေသည့် အိမ်ကိုပြိုကျမသွားအောင် မွန်းမံနေရသည်က ပိုခက်တယ်လို့ ကျွန်မ ထင်တယ်
အဲ့ဒီအတိုင်းဘဲ ဆက်ဆံရေးအသစ်တစ်ခုကိုတည်ဆောက်လိုက်ဖို့ထက် ရှိပြီးသား ဆက်ဆံရေးလေး ပျက်ဆီးမသွားအောင် အမျိုးမျိုး ထိန်းသိမ်းနေရတာက ပိုပြီးပင်ပန်းခက်ခဲလွန်းလှပါတယ်
ဘယ်အချိန်များ အိမ်ကလေးပြိုကျသွားမလည်းလို့စိုးရိမ်နေရသလိုဘဲ ကျွန်မ တန်ဖိုးထားပြီးပျက်ဆီးမသွားရအောင် စိတ်ရောကိုယ်ပါအပင်ပန်းခံပြီး မရမကထိန်းသိမ်းနေရသည့် သံယောဇဉ်လေးတစ်ခုပြတ်တောက်သွားမှာ စိုးရွံ့နေမိသည်
နောက်ဆုံး ဆက်ပြီးမတောင့်ခံနိုင်တော့သည့်အချိန် ရောက်လာတဲ့အခါ အဲ့ဒီအရာတွေကို ကိုယ် ကိုယ်တိုင်ဘဲ ဖျက်ဆီးပစ်လိုက်ရမဲ့ အချိန်မျိုးရောက်မလာပါစေနဲ့လို့သာဆုတောင်းနေမိသည်
"နင် အခုတလောငြိမ်နေသလိုဘဲနော် မှတ်မှတ်ရရဆိုရင် ဟိုတစ်ခါနေမကောင်းဖြစ်ပြီးအတည်းကဘဲ"
ကျောင်းကိုသွားတဲ့လမ်းလေးပေါ်မှာ အရှိန်မှန်မှန်နဲ့သွားနေတဲ့ စက်ဘီးလေးတစ်စီးထိုစက်ဘီးလေးပေါ်မှာတော့ ကျောင်းသူလေးနှစ်ယောက်စီးနင်းလိုက်ပါနေသည်
အနောက်က ကျောင်းသူလေးဟာ အရှေ့ကစက်ဘီးနင်းနေသည့် ကျောင်းသူလေးရဲ့ခါးကိုဖက်ရင်း ပြောလိုက်သည့်စကားပင်ဖြစ်သည်
"နင်စိတ်ထင်လို့ပါ ငါကအရင်ကတည်းက ဒီအတိုင်းဘဲလေ"
ပိုပြီးစကားနည်းသွားတာကိုတော့ ငါ့ကိုယ်ငါသိပါတယ်
"ဒါပေမယ့်..
"ပထမ လပတ်စာမေးပွဲလည်းနီးပြီဆိုတော့ စာလုပ်အုံး အားနေ ဖုန်းဘဲသုံးမနေနဲ့"
"ငါသိပါတယ် နင်ကလည်း"
သူမ ဆက်ပြောလာမည့်စကားတွေကို မကြားလို၍ ဖြတ်ပြောလိုက်သည်
အခုနောက်ပိုင်း ကျွန်မ ရှေ့မှာဖုန်းပြောတာသိပ်မတွေ့ေတာ့ပေမယ့် လိုင်းအမြဲသုံးနေတတ်လို့ ပြောလိုက်ခြင်းဖြစ်သည်
YOU ARE READING
Memory (Completed)
Fanfictionကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...